ဂျောင်းဂုမှာ ယခုအချိန်၌ သူတွေးထင်ထားခဲ့သည့်အရာတွေဟာ မှားယွင်းခဲ့လေသည်ကို သိရှိသွားတာကြောင့် သူ့မှာ အံ့သြဝမ်းသာရသလို ၊ ဝမ်းနည်းမှုကလည်း ရောနှောစွာ ပါဝင်လာရလေသည် ။ တစ်ချိန်လုံး သူ ထင်နေခဲ့သည်မှာ ယွန်းဂီက သူ့အား မသိရှိခဲ့ဘဲ သူ့ဖြစ်တည်မှုကိုတောင်မှ သတိမထားမိခဲ့လေဘူးဟု ဖြစ်သည် ။ သို့ပေမယ့် ထိုအရာက မှားယွင်းနေခဲ့ပြီး အစကတည်းက ယွန်းဂီက သူ့ကိုသတိထားမိခဲ့သည်ဟု ပြောပြချိန်မှာတော့ သူဟာ ဝမ်းနည်း ၊ ဝမ်းသာ ခံစားချက်တွေကြောင့် မျက်နှာသွင်ပြင်မှာ အမျိုးမျိုး ပြောင်းလဲလျက်ရှိနေသည် ။
ယွန်းဂီက ဆက်ပြောလာသည် ။
" အဲ့နေ့က ငါ့ကို ထီးပေးခဲ့တာကလည်း မင်းပဲဖြစ်ခဲ့တယ် ။ နောက်ပြီး ငါ့ရဲ့ပုံတူပန်းချီကားလေးတွေကို လှပစွာရေးဆွဲခဲ့တဲ့သူကလည်း မင်းပဲလေ ။ ငါ တစ်ခု မေးချင်သေးတယ် "
ထိုမေးခွန်းက ဘယ်အရာမှန်း သူမသိပေမယ့် ဂျောင်းဂုမှာ စိတ်လှုပ်ရှားနေကာ ရှက်ရွံ့စွာ
ဖြင့် ခေါင်းကိုငုံ့လိုက်လေသည် ။ယွန်းဂီက လေတိုးသံလေးလိုမျိုး အသံလေးဖြင့် မေးမြန်းလာသည် ။
" ဆောင်းရာသီရောက်တိုင်း ငါ့ဆီကို ပျားလိမ္မော်သီးတွေ ပို့ပေးပြီး Tiger Lilyပန်းပွင့်ပုံလေးကိုပါ ပို့ပေးလေ့ရှိတဲ့ အဲ့Fanက မင်း မဟုတ်လား "
ဂျောင်းဂုမှာ ငုံ့ထားသည့်ခေါင်းလေးကို ဆတ်ခနဲ မော့လာပြီး အံ့သြတုန်လှုပ်သည့်မျက်ဝန်းလေးတွေဖြင့် ယွန်းဂီအား ကြည့်ရှုလာသည် ။ ယွန်းဂီက သူ့အား သိချင်စိတ်ပြင်းပြနေသည့်မျက်လုံးလေးတွေဖြင့် စိုက်ကြည့်နေလေသည် ။
" Hyungက ဘယ်လိုသိတာလဲ "
ယွန်းဂီမှာ သူ့ထင်မြင်ချက်က မှန်ကန်သွားတာကြောင့် ဝမ်းသာသည့်အသံဖြင့် ဆိုလာသည် ။
" ငါ သိနေခဲ့တာ ။ ပန်းချီကားတွေကို မြင်ကတည်းက မင်းဆွဲထားတဲ့ Tiger Lilyပန်းပွင့်ပုံကို မြင်ကတည်းက ငါသိနေခဲ့တာ ။ ဒါပေမယ့် ငါ သိပ်မသေချာတာမလို့ မင်းကို မေးလိုက်တာ "
ဂျောင်းဂုမှာ ရှက်ကြောက်စွာဖြင့် ခေါင်းကိုပြန်ငုံ့သွားပြီး အဖြေပေးလာသည် ။
KAMU SEDANG MEMBACA
Please Love Me