ယွန်းဂီနှင့်ဆော့ဂျင်မှာ ယနေ့ထွက်ရှိလာ
သည့်MVကို ကြည့်ရှုနေကြသည် ။ MV ပြီးဆုံးသွားသည့်နောက် ဆော့ဂျင်မှာ အလုပ်ရှိသေးတာကြောင့် ယွန်းဂီကို တစ်ယောက်
တည်းထားသွားခဲ့သည် ။ ထို့ကြောင့် ယွန်းဂီတစ်ယောက်တည်းသာ Fanတွေရဲ့commentကို ဖတ်နေလျက် ကျန်ရှိခဲ့သည် ။| အားးးး အလန်းဟယ် ။ ကြည့်ပြီးရင်းကို ကြည့်ချင်နေတော့တာပဲ |
| SUGA ဒုန်း ဒုန်း ဒုန်း |
| သူ rap ရွတ်တာ သိပ်မိုက်တာပဲ |
| ငါပြောပြမယ် Min SUGAက ပြီးပြည့်စုံတဲ့ယောက်ျားပဲ ။ ကျေးဇူးပြုပြီး ငါ့ကို လက်ထပ်ပါ |
| SUGA ရေ အရမ်းမိုက်တာပဲ ။ ချစ်တယ်နော် |
ထိုစဥ် ယွန်းဂီမှာ ဂျောင်းဂုဆီက ဖုန်းဝင်လာတာကြောင့် အလျင်အမြန် ဖုန်းကိုင်လိုက်သည် ။
" Hyung အရမ်းမိုက်တာပဲ ။ သီချင်းစာသားကို ပါးစပ်ထဲမှာ စွဲနေပြီ "
ယွန်းဂီမှာ ဂျောင်းဂုရဲ့စိတ်လှုပ်ရှားသည့်အသံကြောင့် ရယ်မိလိုက်သည် ။
" ကျေးဇူးပါ ဂျောင်းဂု ။"
" Hyung...ကျွန်တော်တို့ အပြင်မှာတွေ့လို့ရမလား "
ဂျောင်းဂုက ချိန်းဆိုလာပေမယ့် ယွန်းဂီမှာ world tourကြောင့် အလုပ်တွေများနေရသည် ။ ထို့ကြောင့် ဂျောင်းဂုကို သူ့မှာ အားနာနာဖြင့်ပင် ငြင်းလိုက်ရသည် ။
" comebackကာလဆိုတော့ အလုပ်တွေများနေသေးလို့ တွေ့လို့အဆင်မပြေလောက်သေးဘူး ။ နောက်မှ ဖုန်းဆက်ချိန်းလိုက်မယ်လေနော် "
ယွန်းဂီရဲ့စကားကြောင့် ဂျောင်းဂုမှာ သက်ပြင်းလေး မသိမသာ ချလိုက်မိသည် ။ သူက လက်မလျော့ချင်သေးဟန် ဆက်ပြောလာသည် ။
" ဒါဆိုလည်း ကျွန်တော်လာတွေ့မယ်လေနော် ။ Hyungအတွက် ကော်ဖီလည်း ဝယ်လာခဲ့မယ် ။ Hyungက အောက်ဆင်းပြီး လာယူရုံလေးပဲလေ ။"
ဂျောင်းဂုက လက်မလျော့ဘဲပြောလာတာကြောင့် ယွန်းဂီလည်း တားရမှာကို အားနာမိသွားသည် ။
" ကောင်းပြီလေ ။ မင်းရောက်ရင် ဖုန်းဆက်လိုက်လေ "
" အင်း ။ Hyungကိုယ်တိုင် လာယူနော် ။ Hyungမန်နေဂျာကြီးကို လာမယူခိုင်းနဲ့ "
YOU ARE READING
Please Love Me