သူဌေးဂန်းရဲ့ရုံးခန်းအရှေ့၌ သူ့ရဲ့ခြေလှမ်းတွေကို ရပ်တန့်ထားသည်မှာ ဆယ်မိနစ်နီး
ပါးပင် ရှိချေပြီ ။ ယွန်းဂီမှာ ထိုချေးငွေကိစ္စအား မည်ကဲ့သို့ ပြောသင့်သနည်းကို ဦးနှောက်ခြောက်မတတ် စဥ်းစားနေမိသည် ။ သို့ပေမယ့် သူဘယ်လိုပဲ စဥ်းစားထားပါစေ ဦးတော့ အဆုံးတွင် သူပြန်လည်ရရှိမည့်အ
ရာက တစ်ပါးသူရဲ့သနားကရုဏာဆိုသည့်ခေါင်းစဥ်အောက်က ညင်းပန်းနှိပ်စက်မှုနှင့် မိမိကိုယ်ကို မိမိ သိမ်ငယ်မှု ၊ မာနမရှိသည့်
မျက်နှာပြောင်တိုက်တတ်သည့်လူ ဆိုသည့် ဂုဏ်ဒြပ်တွေပင် ဖြစ်ချေတော့သည် ။လွန်ခဲ့တဲ့ငါးနှစ်ကတည်းက သူ့မှာ ထိုဂုဏ်
ဒြပ်တွေနှင့် ရင်းနှီးခဲ့ပြီးသားဖြစ်တာကြောင့် ယခုမှတော့ အထူးတလည် ဖြစ်မနေပါချေ ။ သူ လုပ်နိုင်မည့်အရာက ယခုထက်ပိုပြီး မျက်နှာပြောင်ပြောင်ဖြင့် ငွေချေးရမည်သာ ဖြစ်ပေသည် ။ယွန်းဂီက သူ့လည်ပင်းထက်၌ ဝတ်ဆင်ထားသည့်ဆွဲကြိုးလေးရဲ့ကျောက်လေးကို လက်
လေးဖြင့်စမ်းသပ်ကာ တယုတယကိုင်လိုက်ပြီး ရဲဆေးတင်လိုက်သည် ။ ထို့နောက် သူက အတွင်းရေးမှူးအား မျက်ရိပ်ပြလိုက်တော့ သူမက Intercom ကနေတဆင့် သူဌေးဂန်းအား ဆက်သွယ်လိုက်လေသည် ။" သူဌေး မင်ယွန်းဂီက တွေ့ခွင့်တောင်းနေပါတယ် ။ "
" ဝင်လာလို့ပြောလိုက် "
သူဌေးဂန်းရဲ့ခွင့်ပြုစကားကိုကြားရတော့မှ အတွင်းရေးမှူးက သူ့ကို တံခါးဖွင့်ပေးလာသည် ။
အထဲသို့ဝင်လာတော့ သူဌေးဂန်းက သူ့ကို လှိုက်လှဲစွာ ကြိုဆိုလာသည် ။
" ယွန်းဂီ လာ ထိုင် "
သူက ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည် ။
" မင်းက ငါ့ရုံးခန်းကို လာလည်လေ့မရှိတော့ထူးဆန်းနေတာ ။ ဘာများ အကူအညီတောင်းစရာ ရှိလို့လဲ "
နောက်ဆုံးစကားကိုကြားသည်နှင့် ယွန်းဂီမှာ သူ့ရဲ့မရှိရှိသည့်မာနလေးက ထိခိုက်ခံလိုက်ရတာကြောင့် မခံမရပ်နိုင် ဖြစ်သွားရလေသည် ။ ထို့ကြောင့် သူက အကူအညီတောင်းဖို့လာရာကနေ စကားစစ်ထိုးဖို့လာသလိုမျိုး ဖြစ်သွားရတော့သည် ။
ESTÁS LEYENDO
Please Love Me