ဂျောင်းဂုမှာ ထပ်မံကာ မဖြေချင်တော့တာကြောင့် လျှောချလိုက်တော့သည် ။
" ဘာမှမဟုတ်ပါဘူး "
" ဟမ် အင်း "
ထို့နောက် ယွန်းဂီမှာ သူ့ရှေ့ရှိ ကဲစိန်သုံးယောက်ကို ကြည့်ရင်း ရယ်မိတော့သည် ။
ဆော့ဂျင်ကသာ သူငယ်ချင်း မဟုတ်ဟု ငြင်းပယ်နေသည့်တိုင် အခုလိုမျိုး အတိုင်အဖောက်ညီညီ ပျော်နေကြသည်ကို မြင်တွေ့သည့်လူတိုင်းက ငယ်သူငယ်ချင်း သုံးယောက်ဟု မှတ်ချက်ပြုကြမည်မှာ ကျိန်းသေပေါက် ဖြစ်သည် ။ဂျောင်းဂုမှာ ယွန်းဂီရဲ့ ပြုံးရွင်နေသည့် မျက်နှာလေးကို ငေးကြည့်ရင်း မေးခွန်းထုတ်လိုက်သည် ။
" ပျော်လား Hyung "
ယွန်းဂီက ရွှင်မြူးစွာ ပြန်ဖြေလာသည် ။
" ပျော်တာပေါ့ ။ သူတို့ကို ကြည့်ဦး ။ အရမ်း ရယ်ရတာပဲ "
ထို့နောက် ဂျောင်းဂုက ပြုံးလိုက်ပြီး ယွန်းဂီနားသို့ ကပ်ထိုင်လိုက်ကာ စကားဆိုလိုက်သည် ။
" ကျွန်တော်က Hyung ကို အခုလိုမျိုး
ပျော်ရွှင်နေအောင် တစ်သက်လုံးလုပ်ပေးချင်တာ "ယွန်းဂီမှာ ဂျောင်းဂုကို အံ့သြစွာ လှည့်ကြည့်လိုက်တော့ ကြယ်ရောင်လိုတောက်ပသည့် မျက်ဝန်းအစုံနှင့် ရင်ဆိုင်လိုက်ရသည် ။ သူ့ကို ပြုံးလျက် ငေးကြည့်နေသည့် ဂျောင်းဂုကို ယွန်းဂီမှာ မျက်တောင်မခတ်တမ်း စိုက်ကြည့်မိရင်း ထိုမျက်ဝန်းထဲမှ နက်ရှိုင်းသည့်အရာတစ်ခုကို ရှာဖွေနေမိတော့သည် ။
တကယ်တမ်းကျ ပထမဆုံးတွေ့ဆုံခဲ့ချိန်ကစပြီး မင်းလေးကို သဘောကျခဲ့တာပါလို့...
ဖွင့်ဟပြောပြခြင်းက ကိုယ့်အတွက် အတော်လေးကို ခက်ခဲခဲ့တာပေါ့...
ပြောင်းလဲသွားသည့် သီချင်းလေးကလည်း အခန်းအတွင်း၌ ပျံ့လွင့်လျက် ရှိနေသည် ။
နက်နက်ရှိုင်းရှိုင်းချစ်မိသွားရင် ဒဏ်ရာရစေလိမ့်မယ်ဆိုတဲ့အတွေးထဲမှာ ကြောက်ရွံ့မှုက
အရင်ဦးဆုံး ဖြစ်ပေါ်လာခဲ့တာ မှန်ပေမယ့်...စိတ်အားထက်သန်စွာဖြင့် ဆုတောင်းရင်း
မျှော်လင့်စောင့်စားခဲ့ရသည့်လူက မင်းပဲဆိုတာ ကိုယ် ယုံကြည်တယ်...
YOU ARE READING
Please Love Me