Episode ~ 40

835 74 134
                                    

ပြက္ခဒိန်ထက်ရှိနေ့ရက်တိုင်းကို အလားတူ အလုပ်တွေဖြင့် ဖြတ်သန်းကျော်လွန်ခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းဝယ် လ,တစ်လမှာ
ကုန်လွန်တော့မည် ဖြစ်သည် ။

ဂျောင်းဂုနှင့်သူ့ရဲ့ချစ်သူသက်တမ်းမှာလည်း
တစ်လပင်ပြည့်ချေတော့ပြီ ။ ယခင်ကထက် အဆင့်တက်၍ ချစ်သူတွေဖြစ်သွားကြသည့်တိုင် ဘာတစ်ခုမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပါချေ ။ ညတိုင်းလိုလို ဂျောင်းဂု အိမ်မှာပဲညအိပ်ဖြစ်ပြီး မန်နေဂျာအစ်ကိုက မနက်တိုင်း သူ့ကို ဂျောင်းဂု အိမ်တွင် လာကြိုရခြင်းမှာလည်း ထူးခြားမှုမရှိသည့်ကိစ္စရပ်သာ ဖြစ်ပေသည် ။

ယွန်းဂီမှာ ပုံမှန်အချိန်တိုင်း အလုပ်သွားရသည့်နေ့တွေမှာတော့ နံနက်ခင်း၌ ဂျောင်းဂုနှင့်
အတူ နေ့စဥ်လုပ်ငန်းဆောင်တာများကို လုပ်
ကိုင်ဖြစ်ကြသည် ။ နှစ်ယောက်အတူ မျက်
နှာသစ်ကြရင်း မှန်ရှေ့၌ ရုပ်ပြောင်လုပ်ကြကာ အတူတူ လွတ်လပ်ပေါ့ပါးစွာ ရယ်မောမိကြသည် ။ မနက်စာကို အတူတူ ပြင်ဆင်ကြပြီး မျက်နှာချင်းဆိုင်ထိုင်ကာ စကားတချို့ ဖလှယ်ကြရင်း စားဖြစ်ကြသည် ။ ထို့နောက်မှာတော့ ဂျောင်းဂုက သူ့အလုပ်ထိ လိုက်ပို့ပေးလာပြီး ကားပေါ်၌ တစ်ယောက်တစ်လှည့်စီ နှုတ်ဆက်အနမ်းလေး ပေးဖြစ်ကြသည် ။

ပုံမှန်ရုံးဆင်းရသည့်နေ့တွေရဲ့ညနေမှာတော့
ထုံးစံအတိုင်း ဂျောင်းဂုနှင့်အတူ ညစာချက်
ပြုတ်ဖြစ်ကြပြီး အလုပ်အကြောင်း ၊ သို့မ
ဟုတ် တချို့အကြောင်းစုံကို ပြောပြကြရင်း ညစာ စားဖြစ်ကြသည် ။ ပြီးနောက် နှစ်ယောက်အတူ ပန်းကန်ဆေးကြရင်း ရယ်စ
ရာတချို့ကို​ ပြောဖြစ်ကြပြန်သည် ။ ထို့
နောက်မှာတော့ ရုပ်ရှင်အတူကြည့်ကြရင်း တစ်နေ့တာရဲ့ပင်ပန်းမှုကို ဖြေဖျောက်လိုက်ကြသည် ။ အိပ်ရာဝင်ခါနီးတွင်မူ အတူတကွ ကိုယ်လက်သန့်စင်လိုက်ကြပြီး အိပ်ယာဝင်အနမ်းလေးဖြင့် နေ့တစ်နေ့ကို အဆုံးသတ်ဖြစ်ကြသည် ။

ချစ်သူတွေဖြစ်သွားကြသည့်နောက်ပိုင်းမှစကာ နှစ်ဦးသားအကြားတွင် အကြင်နာအနမ်းလေးများ တိုးပွားများပြားလာသည်ကလွဲ၍ ထူးထူးခြားခြား ပြောင်းလဲသွားသည့်ကိစ္စရပ်များ မရှိပါချေ ။

Please Love MeWhere stories live. Discover now