ညဖက်အိမ်ပြန်ရောက်သောအခါ ဂျောင်းဂုရဲ့စိတ်တွေဟာ လွတ်လပ်ပေါ့ပါးလျက်ရှိနေပြီး ပျော်ရွှင်ကြည်နူးနေမိသည် ။ သူက ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ချိန်၌ ယွန်းဂီဆီကို လန်းဆန်းတက်ကြွစွာဖြင့် ဖုန်းခေါ်လိုက်သည် ။
" ယွန်းဂီ Hyung အိပ်ပြီလား "
" မအိပ်သေးပါဘူး ။ "
ယွန်းဂီက မအိပ်သေးဘူး ဆိုတာကြောင့် ဂျောင်းဂုမှာ အလုပ်များလုပ်နေသေးတာလားဟု စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်သည် ။
" Hyung အလုပ်ထဲမှာလား "
" မဟုတ်ပါဘူး ။ အိမ်ရောက်နေပါပြီ ။ ဘာပြောမလို့လဲ "
ထိုအခါမှပင် ဂျောင်းဂုက စိတ်ချသွားရပြီး သူက ချွဲနွဲ့သံလေးဖြင့် ဆိုလာသည် ။
" Hyungနဲ့မတွေ့တာ ကြာပြီလေ ။ အဲ့ဒါ Hyungကို လွမ်းလို့ "
ယွန်းဂီမှာ ဂျောင်းဂုရဲ့ချွဲသံလေးကြောင့်အသည်းတယားယား ဖြစ်နေရသည် ။
" မင်းကတော့ ပိုကိုပိုတယ် ။ ငါတို့မတွေ့တာ တစ်ပတ်တောင်မရှိသေးဘူးလေ "
ယခုအခါ ဂျောင်းဂုက ကလေးဆိုးလေးလိုမျိုး ပို၍ ချွဲပစ်ကာ ဆိုလာသည် ။
" Hyungကလည်း ။ Hyungနဲ့တစ်ရက်မတွေ့ရတာက ကျွန်တော့်အတွက် တစ်နှစ်မတွေ့ရသလိုပဲ အရမ်းလွမ်းနေတာကို ဘယ်လိုလုပ်ရမှာလဲလို့ "
ယွန်းဂီမှာ ထိုချွဲပစ်နေသည့်အသံလေးကြောင့် ပြုံးရယ်နေမိသည် ။
" အဲ့တော့ မင်းက ဘာဖြစ်ချင်တာလဲ "
ဂျောင်းဂုက တက်ကြွစွာဆိုလာသည် ။
" Hyungနဲ့တွေ့ချင်တာလေ ။ မနက်ဖြန် Hyungအားလား ။ ကျွန်တော်ပြောတဲ့ Puppy Cafe လေးကို သွားကြမယ်လေ "
ယွန်းဂီမှာ ဂျောင်းဂုရဲ့မျှော်လင့်ချက်လေးကို ရိုက်ချိုးရမှာကြောင့် သူ့မှာ စိတ်မကောင်းဖြစ်မိသွားရသည် ။ သို့ပေမယ့် ဂျီမင်းတို့နှင့် ချိန်းထားပြီးသားဖြစ်တာကြောင့် ငြင်းလို့မကောင်းပေ ။ ခေါ်သွားဖို့ကျတော့လည်း ဟိုနှစ်ယောက်က စပ်စုစိန်တွေ ဖြစ်တာကြောင့် ဂျောင်းဂုက စိတ်ရှုပ်သွားလောက်သည် ။ ထို့အပြင် ဂျောင်းဂုကလည်း သူနှင့်နှစ်ယောက်တည်းပဲ တွေ့ချင်မှာဖြစ်တာကြောင့် ခေါ်သွားဖို့ကတော့ အဆင်မပြေနိုင်ပေ ။ ထို့ကြောင့် ယွန်းဂီမှာ အားနာခြင်းများစွာဖြင့် ငြင်းလိုက်ရသည် ။
KAMU SEDANG MEMBACA
Please Love Me