အစည်းအဝေးခန်းထဲမှ ဂျောင်းဂု ထွက်လာတော့ အချိန်ကိုက်ပင် ယွန်းဂီ ဆီကနေ ဖုန်းဝင်လာသည် ။
အစည်းအဝေးကြောင့် အနည်းငယ် စိတ်ရှုပ်နေသည့် သူ့ရဲ့မျက်နှာက ချက်ချင်းကို ဝင်းပသွားပြီး အသံမှာလည်း အစည်းအဝေး
မှာ ပြောသည့် ခပ်မာမာလေသံမျိုး မဟုတ်ဘဲ နူးညံ့ပျော့ပြောင်းသွားလေသည် ။" Hyung...ဘာလို့ ဖုန်းဆက်တာလဲဟင် ။ ကျွန်တော့်ကို သတိရလို့လား "
တဖက်မှ ယွန်းဂီက ခြောက်ကပ်ကပ် ရယ်မောလာသည် ။
"အဟား...မင်း လက်ဆောင်ပေးတဲ့ အားဆေးက တော်တော်လေးကောင်းတယ် ပြောမလို့ ဖုန်းဆက်လိုက်တာပါ "
ဂျောင်းဂုက အားလျော့သွားသည့်အသံဖြင့် ဆိုလာသည် ။
" အာ...အဲ့ဒါလား ။ မသိပါဘူး ။ Hyung က ကျွန်တော့်ကိုသတိရလို့ ဖုန်းဆက်တယ် ထင်နေတာ ။ "
ကျွန်တော့်ကို သတိရလို့ ဆိုသည့် စကားကို
ဂျောင်းဂုက နှစ်ခါမျှ ပြောလာတာကြောင့် ယွန်းဂီမှာ သူခိုး လူမိသလို ရှက်ရွံ့နေမိတော့သည် ။ သူက တကယ်ကြီး ဂျောင်းဂုကို သတိရတာကြောင့် ထိုအားဆေးကို အကြောင်းပြုပြီး ဖုန်းဆက်လိုက်ချင်း ဖြစ်သည် ။ ထိုအရာကို ဂျောင်းဂုက သိရှိသွားသလိုမျိုး ထုတ်ဖော်လာတာကြောင့် ယွန်းဂီမှာ ပထမက အတိုင်းပင် ခြောက်ကပ်ကပ် ရယ်လိုက်လေသည် ။" ဟား...ဟား မဟုတ်တာ "
ထို့နောက်မှ ဂျောင်းဂုက မူလ အသံဖြင့် စကားဆိုလာသည် ။
" Hyung သဘောကျတယ်ဆိုရင် ကျွန်တော် နောက်လည်း အများကြီး ဝယ်ပေးမယ်လေ "
" မဟုတ်တာ ။ ငါ့ဘာသာပဲ ဝယ်သောက်ပါ့မယ် ။ မင်း ဆီကနေပဲ ယူနေရတာ အားနာလာပြီ ။ ငါလည်း မင်းကို တစ်ခုခု ပြန်ပေးသင့်တယ်လေ ။ အဲ့ဒါကြောင့် ငါ စဥ်းစားနေတာ ..."
ဂျောင်းဂုမှာ ယွန်းဂီရဲ့ဆက်ပြောလာမည့်စကားကို နားစွင့်နေမိသည် ။ ယွန်းဂီက သူ့ကို ဘာများ ပြန်ပေးချင်သနည်း ဆိုသည်ကို သူ့မှာ အလွန်အမင်း သိချင်စိတ်ပြင်းပြလျက် စိတ်လှုပ်ရှားနေမိတော့သည် ။
" ငါ မင်းကို ညစာ ကျွေးမယ်လေ "
ယွန်းဂီရဲ့အစီအစဥ်ကို သူ့မှာ သိပ်တော့ သဘောမကျပါချေ ။ သို့ပေမယ့် ယွန်းဂီက ထိုကဲ့သို့ စိတ်ဆန္ဒ ရှိနေတာကြောင့် ဂျောင်းဂုမှာ သဘောမကျပေမယ့် လက်ခံလိုက်လေသည် ။
KAMU SEDANG MEMBACA
Please Love Me