ယနေ့သည် နားရက်ဖြစ်တာကြောင့် ယွန်းဂီမှာ စောစီးစွာပင် ဒယ်ဂူတွင်နေသောမိခင်ဖြစ်သူ၏ အလုပ်နေရာသို့ လိပ်စာပါအတိုင်း ကားဖြင့် ထွက်လာခဲ့တော့သည် ။ ထိုကားမှာ ဝယ်ထားတာမကြာသေးပေ ။ HJက ထွက်လာတော့မှသာ ထိုကဲ့သို့ တောက်ပြောင်ခြင်း ဖြစ်သည် ။ အကယ်၍များ သူ့အစီအစဥ်အတိုင်းသာ လုပ်ဖြစ်ခဲ့လျှင် ယခုလိုမျိုး တောက်ပြောင်ဖို့ဆိုသည်မှာ စိတ်ကူးဖို့ပင် မဖြစ်နိုင်ပါချေ ။
အတိတ်တွေကို ပြန်တွေးမိတာကြောင့် ယွန်းဂီမှာ ခေါင်းခါလိုက်ပြီး မောင်းထုတ်ပစ်လိုက်
ကာ ကားမောင်းနေခြင်းကိုသာ အာရုံစိုက်လိုက်တော့သည် ။မိဘမဲ့ကျောင်းရဲ့ဝင်ပေါက်ရှေ့မှာ လျှောက်လှမ်းလာသည့်ခြေအစုံကို ရပ်တန့်လိုက်သည် ။ ယွန်းဂီမှာ ကားကို လွှတ်ရာတစ်နေ
ရာ၌ ရပ်ထားခဲ့လိုက်ပြီး ဝင်ပေါက်ရှေ့သို့ လမ်းလျှောက်လာခြင်း ဖြစ်သည် ။ လက်ထဲ
တွင်လည်း လာစဥ်က ဝယ်လာသည့် ဒေစီပန်းစည်းကို တယုတယ ကိုင်ထားမိသည် ။မိခင်ဖြစ်သူနှင့်တွေ့ဆုံရန် စိတ်ကို အသင့်ပြင်လိုက်ပြီး ဝင်းအတွင်းသို့ ဝင်ရောက်လိုက်သည် ။ ကျယ်ဝန်းသည့်ခြံဝင်းကို မျက်စိကစားနေချိန်ဝယ် အမှိုက်လှဲနေသည့်အဒေါ်ကြီးတစ်ယောက်မှာ သူ့အနားသို့ ရောက်လာပြီး အမေးရှိလာသည် ။
" ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ "
" ဟို..."
သူ့မှာ အဒေါ်ကြီးအား ပြန်လည်ဖြေဆိုရန်ပြင်ချိန်ဝယ် မျက်နှာချင်းဆိုင်တွင် မိခင်ဖြစ်သူအား မြင်တွေ့လိုက်ရသည် ။ မစ္စမင်မှာယွန်းဂီအား အံ့သြသင့်စွာ ကြည့်နေလေသည် ။
ခြံဝင်းထဲမှ အရိပ်ရသည့်သစ်ပင်ကြီးအောက်ရှိ ခုံတန်းလျားတွင် သူတို့ ထိုင်နေကြသည်မှာ အတော်ကြာပြီ ဖြစ်ပြီး ယခုအချိန်ထိ မည်သူဖက်ကမှ စကားစပြောလာခြင်း မရှိဘဲ ကိုယ်
စီ အတွေးများနေကြသည် ။ ယွန်းဂီမှာ ထိုကဲ့သို့ ကသိကအောင့်ဖြစ်စရာအခြေအနေကို မနှစ်သက်တာကြောင့် သူ့ဖက်ကနေ စကားစပြောလိုက်တော့သည် ။" ဟို...နေကောင်းတယ် မဟုတ်လား "
မိခင်ဖြစ်သူ၏ မျက်နှာကို လှစ်ခနဲခိုးကြည့်လိုက်တော့ သူ့အား အံ့သြသလိုမျက်လုံးအစုံဖြင့် ကြည့်နေသည့်မစ္စမင်ရဲ့မျက်နှာကို တွေ့လိုက်ရသည် ။
KAMU SEDANG MEMBACA
Please Love Me