Episode ~ 5

690 95 26
                                    

အဆောက်အဦထဲသို့ ယွန်းဂီနှင့်ဆော့ဂျင် ဝင်လိုက်ချင်းပင် အမျိုးသမီးတစ်ယောက်က သူတို့အား ပြုံးရွှင်စွာပင် နှုတ်ဆက်လာသည် ။

" ယွန်းဂီတို့ လာပြီလား ။ ပိန်သွားသလိုပဲနော် "

ထိုအမျိုးသမီးမှာ ရီချန်းရဲ့ ကြီးကြပ်သူဖြစ်ပြီး ယွန်းဂီနှင့်လည်း ရင်းနှီးသည် ။

" အလုပ်ပင်ပန်းလို့ပါ ။ အန်တီလည်း နေကောင်းတယ် မဟုတ်လား "

" ကောင်းပါ့ရှင် ။ ဆော့ဂျင်လည်း ပိုချောလာသလိုပဲ "

သူမက ဆော့ဂျင်ကို ထိုကဲ့သို့ နှုတ်ဆက်လိုက်တော့ ဆော့ဂျင်မှာ အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည် ။

" ကျွန်တော်က နဂိုကတည်းက ချောပြီးသားပဲလေ "

ထိုစဥ်မှာပင် ယွန်းဂီမှာ ရင်းနှီးသည့်အသံကို မစ္စဟန်နောက်မှ လူအုပ်ထဲကနေ ကြား
လိုက်ရသည် ။

" ယွန်းဂီ Hyung "

ဂျောင်းဂုမှာ ပြုံးရွှင်လျက် သူတို့ရှိရာကို လျှောက်လှမ်းလာသည် ။ ဆော့ဂျင်ရဲ့​ချောမောသည့်မျက်နှာမှာ ဂျောင်းဂုကို မြင်တော့ သိသိသာသာပင် မှောင်မည်းကျသွားသည် ။

သူက မသိလိုက်၊မသိဘာသာပင် ယွန်းဂီကို ကာကွယ်ဖို့ ရှေ့သို့အနည်းငယ်တိုးလိုက်မိသည် ။

မစ္စဟန်က ယွန်းဂီကို တစ်ချက် ကြည့်လာပြီး စကားဆိုလာသည် ။

" ဂျွန်ဂျောင်းဂုနဲ့သိတာလား ။ သူက ဒီနေ့ရဲ့အလှူရှင်လေ "

" ဟုတ်လား ။ မသိခဲ့ဘူး "

ယွန်းဂီရဲ့အံ့သြသလို ပုံစံလေးကြောင့် ဂျောင်းဂု ပြုံးလိုက်မိသည် ။

" ကဲ...လွတ်လွတ်လပ်လပ် စကားပြောကြပေါ့ "

မစ္စဟန်က သူမနောက်ရှိလူအုပ်ကြီးထဲ ဝင်ရောက်သွားလေသည် ။

" Hyungလည်း ဒီကိုလာပြီး ပရဟိတ လာလုပ်တာလား "

" အင်း ။ ဟုတ်တယ် ။ ငါက ဒီကို တစ်နှစ် တစ်ခေါက် လာကူညီပေးနေကျလေ ။ "

" မင်းနဲ့တွေ့လိမ့်မယ်လို့ မထင်ထားဘူး "

သူ့​စကားကို ဂျောင်းဂုကလည်း ထောက်ခံလာသည် ။

Please Love MeWaar verhalen tot leven komen. Ontdek het nu