ထိုနှစ်က အကြောင်းအရာကို ဂျောင်းဂုမှာ မတွေးမိဘဲ မနေနိုင်အောင် တွေးတောနေမိတော့သည် ။
စီးပွားရေးတက္ကသိုလ်ပထမနှစ်ကျောင်းသားဖြစ်သည့်သူက စာသင်ခန်းထဲ၌ စာကြည့်နေစဥ် ဘေးနားမှ သူငယ်ချင်းမှာ သူ့အား လက် တို့ခေါ်လာသည် ။
သူက စိတ်ရှုပ်စွာဖြင့် ဘုဆတ်ဆတ် မေးလိုက်သည် ။
" ဘာလဲ "
သူငယ်ချင်းက သူ့ကို စပ်ဖြဲဖြဲမျက်နှာဖြင့် ပြောလာသည် ။
" ဒီသီချင်းလေး မင်းကို နားထောင်ခိုင်းမလို့ ။ အခုမှ အသစ်ထွက်တဲ့သီချင်း "
ထို့နောက် သူငယ်ချင်းက နားထဲသို့ နားကြပ်ထည့်ပေးလာသည် ။ သီချင်းသံမြူးမြူးလေးက သူ့နားအတွင်းသို့ ဝင်ရောက်လာပြီး သြရှရှRap ရွတ်သံက သူ့နှလုံးသားတစ်ခုလုံးကို ဆူနာမီမုန်တိုင်းသဖွယ် တုန်ခါလာစေသည် ။
ဂျောင်းဂုမှာ သိချင်စိတ်ဖြင့် မေးလိုက်သည် ။
" သူက ဘယ်သူလဲ "
" SUGA လေ ။ အခုမှ Debut တဲ့ Idol လေ ။ သူRap ရွတ်တာ အရမ်းမိုက်တယ် ။ စာသားတွေကလည်း တကယ့်ထိတယ် "
" ငါ့ကို သူ့ပုံပြလို့ရမလား "
" ဖုန်းထဲမှာတော့ မရှိဘူး ။ မင်း Naver မှာ သူ့နာမည် ရိုက်ရှာကြည့်လိုက် "
ထို့ကြောင့် ဂျောင်းဂုမှာ ဖုန်းကို ဖွင့်လိုက်ပြီး SUGA ဟု ရိုက်ရှာလိုက်သည် ။ ဖုန်းကို ကိုင်ထားသည့် သူ့လက်တွေက တုန်ရီလာတာကြောင့် လွတ်ချမတတ်ပင် ဖြစ်သွားရသည် ။ ရင်ဘတ်ထဲ၌လည်း သံစုံတီးဝိုင်း ဖြစ်နေလေသည် ။
နောက်ဆုံးတော့ သူက သူ့ကြောင်ဖြူပေါက်လေး မင်ယွန်းဂီကို ရှာတွေ့ခဲ့ပြီ ဖြစ်သည် ။ နှစ်တွေအများကြီး ရှာရမည်ဟု မှတ်ထင်ထားခဲ့ပေမယ့် သုံးနှစ်အကြာမှာပင် တွေ့ရှိခဲ့လေသည် ။ သူက ဘယ်တုန်းကမှ ယွန်းဂီကို Idol တစ်ယောက်အဖြစ် ပြန်လည်တွေ့ရှိရလိမ့်မည်ဟု မထင်ထားခဲ့တာကြောင့် အံ့သြနေမိတော့သည် ။ Idolတစ်ယောက်ဖြစ်သည့် ယွန်းဂီအကြောင်းကို သူ့မှာ ဘယ်လောက်မှ အားထုတ်စရာမလိုဘဲ ပြည့်ပြည့်စုံစုံ သိရှိခဲ့ရသည် ။
YOU ARE READING
Please Love Me