Episode ~ 14

543 73 29
                                    

မီးဖိုချောင်ထဲ၌ ယွန်းဂီမှာ နံရိုးဟင်းချက်နေစဥ် ဂျောင်းဂုက သူ့အနားသို့ ရောက်ရှိလာသည် ။

" Hyung ကျွန်တော်ရော ဘာကူပေးရမလဲ "

ယွန်းဂီက ဂျောင်းဂုကို လှည့်မကြည့်ဘဲ ဟင်းချက်နေရင်း စကားပြောလိုက်သည် ။

" ကူညီစရာ မလိုပါဘူး ။ ဆိုဖာမှာပဲ သွားထိုင်နေပါ ။ အဆင်သင့်ဖြစ်ရင် ပြောလိုက်မယ် "

" ဒါပေမယ့် ကျွန်တော်လည်း ကူညီချင်တယ်လေ ။ "

ဂျောင်းဂုက သူဘယ်လိုပြောပြော နာခံမှာမဟုတ်တာကြောင့် ယွန်းဂီမှာ မကန့်ကွက်တော့ဘဲ ကူညီခိုင်းလိုက်တော့သည် ။

" ဒါဆိုလည်း Hyung ကို ကင်ချီဟင်းရည်လုပ်ဖို့ ကင်ချီ လှီးပေး ။ ရေခဲသေတ္တာထဲမှာ ရှိတယ် "

" ဟုတ်ကဲ့ "

ဂျောင်းဂုက တက်ကြွစွာပင် ပြန်ဖြေလိုက်ပြီး ရေခဲသေတ္တာထဲက ကင်ချီဘူးကို ထုတ်ယူလိုက်ကာ စတင် လှီးတော့သည် ။

" Hyung ကင်ချီလှီးပြီးသွားပြီ ။ နောက် ဘာလုပ်ရဦးမလဲ "

ယွန်းဂီက ဟင်းချက်နေရာကနေ ဂျောင်းဂုကို လှည့်ကြည့်လိုက်တော့ ဂျောင်းဂုက လှီးပြီးသား ကင်ချီတွေက်ို ပန်းကန်ထဲသို့ သပ်သပ်ရပ်ရပ် ထည့်နေလေသည် ။

" ပြီးပြီလား ။ ဒါဆို Spam ကို ပါးပါးလေး လှီးလိုက် ။ ကြော်လို့ကောင်းတဲ့ပုံစံလေး လှီးနော် ။ "

" ဟုတ်ကဲ့ "

ဂျောင်းဂုက Spam ကို ဂရုတစိုက် အနေ
တော် အရွယ်လေး လှီးလိုက်ပြီးနောက် ယွန်းဂီကို လှည့်ကြည့်ကာ ပြောလာသည် ။

" Hyung ပြီးသွားပြီ ။ ကြက်ဥ ခေါက်လိုက်မယ်နော် ။ ကြက်ဥလိပ်နဲ့ Spam ကို ကပ်ကြော်ဖို့ "

" အင်း အင်း "

ယွန်းဂီမှာ နံရိုးဟင်းကို မြည်းနေရင်း ပြန်ဖြေ
လိုက်သည် ။ ထို့နောက် ယွန်းဂီက ကြက်ဥလိပ်နှင့် Spam ကြော်ဖို့ ပြင်ဆင်လိုက်သည် ။

စားစရာတွေ အကုန် ချက်ပြုတ် ပြီးချိန်မှာ
တော့ ဂျောင်းဂုကပါ စားပွဲကို ပြင်ဆင်ပေးလာသည် ။ ယွန်းဂီက ထမင်းပန်းကန်လုံးလေးကို ဂျောင်းဂုရှေ့မှာ ချပေးလိုက်ပြီးနောက် ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည် ။

Please Love MeWhere stories live. Discover now