Episode ~ 26

533 77 22
                                    

ပူပြင်းလှသည့် ရာသီဥတုတွင် ယွန်းဂီတို့မှာ ရိုက်ကူးရေးကို စွမ်းစွမ်းတမံ ရိုက်ကူးနေရသည် ။ ဒါရိုက်တာဆီမှ Cut ဟု အော်သံကြားလျှင် မိတ်ကပ်ဆရာမတွေက သူတို့ဆီပြေးလာပြီး ချွေးသုတ်ပေးကာ မိတ်ကပ်ဖို့ပေးလာကြသည် ။ မန်နေဂျာတွေကလည်း ပန်ကာသေးလေးတစ်လုံးဖြင့် အပူဒဏ်သက်သာအောင် ပြုလုပ်ပေးကြသည် ။

သူတို့မှာ ဒါရိုက်တာ စိတ်ကျေနပ်လောက်သည့်အထိ စိတ်ရှည် သည်းခံကာ ရိုက်ကူးခဲ့ကြရသည် ။ ခဏတာ အနားယူနေချိန်၌ ယွန်းဂီမှာ ပန်ကာအသေးလေးကို လက်မှာ ကိုင်ဆောင်ထားရင်း ထယ်ယောင်း ၊ ဂျီမင်းတို့နှင့် စကားလက်ဆုံကြလေ့ရှိသည် ။ တစ်ခါတ
လေမှာ သူ့ပါးကို သူတို့နှစ်ယောက်က ဆွဲ
လိမ်ကာ ဆော့ကစားနေသည်ကို လျစ်လျူရှုလိုက်ပြီး ငြိမ်ခံနေလိုက်သည် ။

ဟန်ဆယ်ဗြောက ရိုက်ကွင်းသို့ ကိုယ်တိုင်လုပ် ဖျော်ရည်လေးတွေ ယူဆောင်လာပြီး တစ်ဖွဲ့လုံးကို တိုက်ကျွေးလေ့ရှိသည် ။ တစ်ခါတလေ သူမက ကိုယ်တိုင်လုပ် မုန့်လေးတွေကိုလည်း ကျွေးလေ့ရှိတာ​ကြောင့် မိန်းကလေးပီသ လှပေသည်ဟု ယွန်းဂီမှာ တွေးမိတော့သည် ။

ရုပ်ရှင်ရိုက်ကူးသည့်အတောအတွင်း ယွန်းဂီမှာ ဂျီမင်းနှင့်ပတ်သက်ပြီး အရာတစ်ခုကို သတိထားမိလေသည် ။ ထိုအရာမှာ ဂျီမင်းက သူ ရိုက်စရာမရှိတော့သည်ကို အိမ်သို့မပြန်ဘဲ ထယ်ယောင်းကို စောင့်နေခဲ့သည့်အကြောင်းအရာ ဖြစ်သည် ။ ထိုသူငယ်ချင်း နှစ်ယောက်မှာ တစ်ယောက်ကမပြီးသေးလျှင် နောက်တစ်ယောက်က မပြန်သေးဘဲ ဆက်စောင့်နေတတ်ကြသည် ။ များသောအားဖြင့် ဂျီမင်း စောင့်ရသည်က များလှသည် ။

တစ်ခါကလည်း ယွန်းဂီမှာ ထယ်ယောင်းနှင့်ဖုန်းပြောနေရင်း ဂျီမင်းရဲ့အသံကို ကြား
လိုက်ရတာကြောင့် ထိုနှစ်ယောက်မှာ တစ်အိမ်တည်း အတူနေသလောဟု တွေးစရာရှိလာလေသည် ။ သို့ပေမယ့် ဒါက သူနှင့်မဆိုင်တာကြောင့် ယွန်းဂီမှာ သိပ်ပြီး ခေါင်းထဲ မထည့်ထားပါချေ ။

ခြောက်သွေ့ပူလောင်သည့် နွေရာသီကို ကျော်လွန်လာပြီးနောက် မြူခိုးဝေသည့်ဆောင်းဦးသို့ တဖန် ရောက်ရှိလာလေသည် ။ အေးမြလှသည့်လေလေးမှာ တစ်ချက်ကလေး ဝေ့ဝဲကာ တိုက်ခတ်သွားလိုက်တိုင်း​စိတ်နှလုံးမှာ အေးမြကြည်လင်မှုတို့အပြည့်ဖြင့် ပေါ့ပါးသွားရလေသည် ။

Please Love MeWhere stories live. Discover now