ပိတ်ပွဲပြီးသွားပြီး တစ်ပတ်လောက်ကြာ
သည့်အထိ ဂျောင်းဂုမှာ ယွန်းဂီနဲ့ မတွေ့ဖြစ်သလို ၊ ဖုန်းလည်းမဆက်ဖြစ်ပါချေ ။အဘယ်ကြောင့်ဆို အခုတလော ဖိနပ်ဒီဇိုင်းအသစ်ထွက်ဖို့ ရှိနေတာကြောင့် သူ့မှာ အ
လုပ်တွေများနေရလေသည် ။တဖက်မှ ယွန်းဂီကလည်း များပြားလှသည့် scheduleတွေကြောင့် အလုပ်များနေလေသည် ။
ယွန်းဂီမှာ ဖုန်းဝင်လာတာကြောင့် ဂျောင်းဂုများလားဟု ထင်မှတ်ကာ ဖုန်းကို ကြည့်လိုက်လေသည် ။
သို့ပေမယ့် သူ့မိခင်ဖြစ်နေတာကြောင့် ခုနက ပြုံးရိပ်သန်းနေသည့်မျက်နှာမှာ ချက်ချင်းကို တင်းမာသွားလေသည် ။
" ဟယ်လို "
" သား Korea ပြန်ရောက်ပြီဆို ။ အမေ့ဆီကို ဖုန်းလေး တစ်ချက်တောင် မဆက်ဘူးနော် "
မစ္စမင်က ပျော်ရွင်နေသည့်အသံဖြင့် စကားပြောလာသည် ။
" ကျွန်တော့်ဆီကို ဘာလို့ ဖုန်းဆက်တာလဲ "
" အယ်...ကိုယ့်သားဆီ ဖုန်းဆက်တာပဲ အကြောင်းပြချက်လိုသေးလို့လား "
" ဘာလဲ ပေးလိုက်တဲ့ပိုက်ဆံ ကုန်သွားပြီလား "
သူက စိတ်မရှည်စွာ အဓိက အကြောင်းကို ပြောလိုက်တော့ မစ္စမင်က အရှက်ပြေ ရယ်မောလာလေသည် ။
" အဟား...သား ပြောတာ သိပ်မှန်တာပဲ ။ အမေ့ဆီမှာ အသုံးစရိတ် ပြတ်သွားလို့ ဝမ် ဆယ်သိန်း လောက်ပေးပါဦးနော် "
ယွန်းဂီက စိတ်ရှုပ်ထွေးသည့်အသံဖြင့် စကားဆိုလိုက်သည် ။
" အမေ ထပ်ပြီး လောင်းကစား လုပ်နေသေးတာလား ။ ကျွန်တော် အမေ့ဆီကို လွန်ခဲ့တဲ့ တစ်ပတ်ကပဲ ဝမ် ဆယ်သိန်း ပို့ပေးလိုက်တယ်လေ ။ "
သူ့စကားကို မစ္စမင်က စိတ်ဆိုးမာန်ဆိုးဖြင့် ရန်တွေ့လာသည် ။
" နင်က ငါ့သားလေ ။ ငါ မွေးလို့ ၊ ကျွေးလို့ အရွယ်ရောက်လာတာများ ။ ငါ့ကို ဆရာလာလုပ်မနေနဲ့ ။ ငါ့မှာလည်း တောင်းစရာဆိုလို့ နင်ပဲ ရှိတာလေ ။ နင့်အဖေသာရှိရင် နင့်ဆီမှာ လက်ဖြန့်တောင်းမနေဘူး ။ မိဘ ကျေးဇူးကို မသိတတ်တဲ့အကောင် "
YOU ARE READING
Please Love Me