Episode ~ 41

743 69 30
                                    

နေ့ရက်တွေမှာ တစ်ရက်ပြီး တစ်ရက်ကုန်ဆုံးရင်း လတစ်လသို့ပင် ပြောင်းရွေ့သွားချေပြီး ထိုမှတဆင့် လပေါင်းများစွာကို ကုန်လွန်စေခဲ့တော့သည် ။

မင်ယွန်းဂီဆိုသည့်သူ့ရဲ့မွေးနေ့ကလည်း တစ်ကျော့ပြန်လည်ကာ ရောက်ရှိလာပြီဖြစ်သည် ။ ယခုနှစ်ကျရောက်သည့်မွေးနေ့မှာလည်း အရင်နှစ်တွေကအတိုင်းပင် ချစ်ခင်ရသူတွေနှင့်မွေးနေ့ရက်ကို ကုန်ဆုံးရမည်သာ ဖြစ်
သည် ။

မွေးနေ့ဖြစ်ပေမယ့်လည်း အထူးတလည် မခံစားရသည့်တိုင် Fanတွေရဲ့မွေးနေ့ဆု
တောင်းစကား​တွေကြောင့် နွေးထွေးကြည်နူးမိသည်ကတော့ ပြောစရာပင် မလိုပါချေ ။ ဂျောင်းဂုကလည်း သူ့အတွက် မွေးနေ့ဆု
တောင်းစာကို ပေးပို့ခဲ့ပြီး ဖြစ်သည် ။ အလား
တူစွာ ကျန်လူများကလည်း ဆုတောင်းစ
ကား ဆိုလာကြပြီး မွေးနေ့လက်ဆောင်ပါ တစ်ပါတည်း ပို့ပေးကြသည် ။

နံနက်ခင်း၌ ယွန်းဂီမှာ ဖုန်းသုံးရင်း Fanတွေရဲ့မွေးနေ့ဆုတောင်းစာကို ဖတ်ရှုနေချိန်၌ အမေဆိုသည့် နာမည်ဖြင့် ဖုန်းဝင်လာလေသည် ။ သူ့မှာ နှစ်နှစ်ကျော်လောက်မှာ ပြန်လည်ဖုန်းဆက်လာသည့် မိခင်ဖြစ်သူကြောင့် ထိတ်လန့်နေရပြီး ကိုင်သင့် ၊ မကိုင်သင့် ဆုံး
ဖြတ်ရခက်နေရသည် ။ သူ စဥ်းစားနေစဥ်မှာပင် ဖုန်းက ကျသွားပြီ ဖြစ်သည် ။ ခဏအကြာမှာ မိခင်ဖြစ်သူထံမှ messageတစ်စောင် ဝင်လာလေသည် ။

| ယွန်းဂီ ဒီနေ့က မင်းမွေးနေ့ မဟုတ်လား ။ မီယော့ဂုချက်ထားတယ် ။ မင်းလိပ်စာအတိုင်း ငါ ပို့ပေးချင်လို့ ။ လိပ်စာ ပေးလို့ရမလား |

မီယော့ဂု ။ သူ့ရဲ့အသက်ဆယ်နှစ်ပြည့်မှစလို့ မွေးနေ့တိုင်းတွင် မိခင်ဖြစ်သူကိုယ်တိုင်ချက်
ပြုတ်ပေးသည့်မီယော့ဂုကို မသောက်သုံးရသည်မှာ အတော်ပင် ကြာလှပြီဖြစ်သည် ။ ယွန်းဂီမှာ မိခင်ဖြစ်သူက သူ့မွေးနေ့ကို မှတ်မိနေသေးပြီး မီယော့ဂုကိုတောင်မှ ချက်ထားသေးသည့်အကြောင်းကို သိရှိလိုက်တာကြောင့် ပျော်ရွှင်မှုလေး ဖြစ်ပေါ်လာရပေမယ့် သူက မယုံမရဲ ဖြစ်နေရပြန်သည် ။ သူ့ကို ထိုကဲ့သို့နွေးထွေးကြင်နာမှုပေးပြီး ရက်စက်လိုက်မည်ကို စိုးရိမ်နေရသည် ။

Please Love MeWhere stories live. Discover now