နံနက်ခင်း၌ ယွန်းဂီမှာ အိပ်ရာကနိုးလာစဥ်
သူ အိပ်ပျော်သည့်နေရာက ဆိုဖာပေါ်မှာ မဟုတ်ဘဲ သူ့အိပ်ရာပေါ်မှာ ဖြစ်နေကြောင်းကို ဦးစွာ သိရှိလိုက်လေသည် ။သူက အိပ်နေရင်း လမ်းထလျှောက်တတ်
သည့်သူ မဟုတ်တာကြောင့် ဂျောင်းဂုက သူ့ကို အိပ်ခန်းထဲသို့ ခေါ်ဆောင်ပေးခဲ့သည်ပင် ဖြစ်လောက်သည် ။ထို့နောက် ယွန်းဂီမှာ အိပ်ရာမှထကာ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည် ။
သူက နံနက်စာပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်တော့ ဆေးပြီးသား ခေါက်ဆွဲ ပြုတ်အိုးလေးနှင့် ပန်းကန်အချို့ကို တွေ့လိုက်ရတာကြောင့် ပြုံးလိုက်မိတော့သည် ။
" ဒီကောင်လေးက အရမ်းအလိုက်သိတတ်တာပဲ "
ယွန်းဂီမှာ ကော်ဖီတစ်ခွက်ဖျော်လိုက်ပြီး အေးအေးလူလူ သောက်နေစဥ် အိမ်တံခါးဖွင့်သံကြားလိုက်ရတာကြောင့် ကော်ဖီခွက် ကိုင်ရင်း မီးဖိုချောင်ထဲကနေ ထွက်လာလိုက်သည် ။
ဆော့ဂျင်မှာ ယုန်ဖြူရုပ်ကြီးကို တပွေ့တပိုက်,ပိုက်လျက် အိမ်ထဲသို့ ဝင်လာလေသည် ။ ယွန်းဂီမှာ ထိုယုန်ဖြူရုပ်ကို မြင်တော့ မနေ့က ကုန်တိုက်မှ ယုန်ရုပ်ကြီးနှင့် တစ်ပုံစံ
တည်း တူကြောင်းကို သတိရလိုက်လေသည် ။ယွန်းဂီက နားမလည်စွာ မေးခွန်းထုတ်လိုက်သည် ။
" Hyung...အဲ့ဒါ ဘယ်သူပို့လိုက်တာလဲ "
ဆော့ဂျင်က ယုန်ရုပ်ကြီးကို ပစ်ချလိုက်ပြီး စကားဆိုလာသည် ။
" မသိဘူး ။ မင်းအတွက်ဆိုလို့ ငါယူလာတာ ။ မင်း Fan တွေပဲနေမှာပေါ့ "
" ဟုတ်လား "
ထို့နောက် ယွန်းဂီက ထိုယုန်ရုပ်ကြီးကို ထုတ်ပိုးထားသည့် ပလပ်စတစ်အိတ်ကို ချွတ်လိုက်ပြီး အပြင်သို့ ထုတ်ယူလိုက်သည် ။ ပလပ်စတစ်အိတ်အတွင်းမှာ ကျန်ရှိခဲ့သည့် ကတ်သေးသေးလေးကို ဆော့ဂျင်က မြင်တွေ့သွားတာကြောင့် အလျင်အမြန် ကောက်ယူလိုက်သည် ။
" ဒီမှာ စာပါတယ် "
ဆော့ဂျင်ကမ်းပေးလာသည့် ကတ်လေးကို သူ ယူလိုက်ပြီး ဖွင့်ဖတ်ကြည့်လိုက်သည် ။
YOU ARE READING
Please Love Me