Studioခန်းထဲသို့ ဆော့ဂျင်က အကြောင်းအ
ရင်းမရှိဘဲ ဝင်ရောက်လာတာကြောင့် ယွန်းဂီမှာ အလုပ်လုပ်နေရင်း လှမ်းမေးလိုက်သည် ။" ဘာကိစ္စရှိလို့လဲ Hyung "
ဆော့ဂျင်က ဆိုလာသည် ။
" နေ့လယ်စာ စားချိန်ရောက်နေပြီ ။ ငါ နမ်
ဂျွန်းတို့နဲ့ချိန်းထားတာ ။ သူတို့က မင်းပါခေါ်လာခဲ့ပါ ဆိုလို့ လာခေါ်တာ ။ အခု သွားရ
အောင် ။ တော်ကြာနေ သူတို့စောင့်နေရဦးမယ် "ယွန်းဂီမှာ ထိုပြေလည်သွားသည့် သူငယ်
ချင်းသုံးယောက်ဆက်ဆံရေးကို သဘောကျစွာ ပြုံးလိုက်မိသည် ။" အဲ့အချိန်တောင် ရောက်သွားပြီလား ။ သွားရအောင်လေ "
စားသောက်ဆိုင်၌ သူတို့မှာ စကားတပြောပြောဖြင့် အစားစားနေကြသည် ။ ယွန်းဂီက တူဖြင့် အသားဖတ်လေးကို ညှပ်ယူလိုက်ကာ ပါးစပ်ထဲထည့်သွင်းလိုက်ပြီးနောက် နမ်ဂျွန်းကို စကား လှမ်းပြောလိုက်သည် ။
" ငါတို့ Collaboration သီချင်းက တော်တော် လူကြိုက်များသွားတော့ ဝမ်းသာစရာပဲ ။ ပင်ပန်းရကျိုးနပ်သွားပြီ "
နမ်ဂျွန်းက ရွှင်မြူးစွာ စကားဆိုလာသည် ။
" ဟုတ်တယ် ။ Fan တွေက အရမ်းအားပေးကြတော့ ကျွန်တော် သူတို့ကို သိပ်ကျေးဇူး
တင်မိတယ် ။ သူတို့ ကြိုက်ကြလို့လည်း ပျော်ရတယ် "" ငါတို့ ပထမဆုံး ကျေးဇူးတင်ရမယ့်သူက Fan တွေပဲလေ ။ သူတို့မရှိရင် ငါတို့ဆိုတာ ဖြစ်မလာဘူး ။ "
သူ့စကားကို နမ်ဂျွန်းက ခေါင်းညိတ်ထောက်ခံလာသည် ။
ထိုစဥ် ဟိုဆော့က အစားစားနေရင်း တစ်စုံ
တစ်ရာကို သဘောကျသွားသည့်နှယ် ရယ်
မောလာသည် ။" ဟားဟား...ဂျင် Hyung အဲ့တုန်းက အဖြစ်
အပျက်ကို မှတ်မိသေးတယ် မဟုတ်လား ။ ကျွန်တော်တို့ကို Hyung အိမ်မှာ ထမင်းဖိတ်ကျွေးတုန်းကလေ ကဏန်းချက်တာ နမ်ဂျွန်းက မစားဘူးလေ "ဆော့ဂျင်မှာ ထိုအဖြစ်အပျက်ကို အမှတ်ရသွားပြီး သူပါ လိုက်ရယ်မောလာသည် ။ နမ်ဂျွန်းက သူ့ပါးချိုင့်ခွက်ကြီးတွေ ပေါ်အောင် ရှက်ရယ် ရယ်နေလေသည် ။
ESTÁS LEYENDO
Please Love Me