ယွန်းဂီမှာ မှိတ်ထားသည့်သူ့မျက်ဝန်းတွေကို ဖျတ်ခနဲ ဖွင့်ကြည့်လိုက်ချိန်မှာတော့ သူ့ရောက်ရှိနေသည့်နေရာမှာ အလွန်အမင်း ပိန်းပိတ်အောင် မှောင်နေသည့်အမှောင်ထုအလယ်တွင် မဟုတ်သလို စူးရှလှသည့်အလင်းရောင်ခြည်တွေဖြင့် ပြည့်နှက်နေသည့် နေရာလည်းမဟုတ်ဘဲ ချယ်ရီပင်အိုကြီးရဲ့အောက်တွင် ဖြစ်လေသည် ။ သူက ထိုချယ်ရီပင်အိုကြီးကို နားမလည်စွာဖြင့် လည်ပင်းနာမတတ်မော့ကြည့်နေစဥ် ချိုသာလှသည့်ခေါ်သံအား နောက်ကျောဖက်ဆီကနေ ကြားလိုက်ရသည် ။
" ယွန်းဂီ Hyung "
ယွန်းဂီက နောက်ဖက်သို့ လျင်မြန်စွာ လှည့်
ကြည့်လိုက်ပေမယ့် သူ မြင်တွေ့ရသည့်အရာမှာ ပြောင်ရှင်းနေသည့်ကွင်းပြင်ကျယ်ကြီးသာ ဖြစ်လေသည် ။ သူက အံ့သြစွာဖြင့် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း ထပ်တူညီလှသည့် ကွင်းပြင်ကျယ်ကြီး တွေကိုသာ မျက်စိတစ်ဆုံး တွေ့မြင်ရသည် ။ထို့ကြောင့် သူက သူ့မြင်ကွင်းရှေ့၌ ကြီးမားထည်ဝါစွာတည်ရှိနေသည့် ချယ်ရီပင်အိုကြီးထံသို့ ပြန်လည်ငေးစိုက်ကြည့်လိုက်သည် ။ ဤထူးဆန်းသည့်နေရာ၌ သူနှင့်ချယ်ရီပင်အိုကြီးသာ ရှိနေသည် ။ ထိုစဥ် ချယ်ရီပန်းပွင့်လေးတစ်ပွင့်မှာ လေနှင့်အတူဝေ့ကာဝိုက်ကာဖြင့် မြေပြင်ပေါ်သို့ သက်ဆင်းကြွေကျလာလေသည် ။
သူက ကြွေကျလာသည့်ချယ်ရီပန်းပွင့်လေးကို လက်ဖြန့်ကာ ဖမ်းယူလိုက်ချိန်၌ ချိုမြိန်သည့်အသံလေးက မှန်းဆလို့မရသည့်တစ်နေရာမှ ထွက်ပေါ်လာသည် ။
" Hyung...ချယ်ရီပန်းလေးတွေကို သဘော
ကျလား "ယွန်းဂီမှာ သူ့ကို အမေးရှိလာသည့်လူအား လှည့်ပတ်ရှာဖွေကြည့်လိုက်သည် ။ သို့သော် မည်သည့်နေရာတွင်ရှိလေသည် မသိပါချေ ။ အရိပ်အယောင်လေးတောင်မှ မမြင်ရဘဲ အသံသာသာလေးကိုသာ ကြားနေရသည် ။
ထိုအသံပိုင်ရှင်က ဆိုလာပြန်သည် ။
" ချယ်ရီပန်းလေးတွေက ဘာအဓိပ္ပာယ်ကို ဆောင်လဲ Hyung သိလား "
ယွန်းဂီက ခေါင်းခါမိလိုက်သည် ။ သို့ပေမယ့် တစ်ချိန်တည်းမှာပင် သူက ခေါင်းကိုပြန်ညိတ်လိုက်ပြီး စကားကို ဖြေးညှင်းစွာဆိုလိုက်သည် ။
CITEȘTI
Please Love Me