Episode ~ 9

524 84 6
                                    

အခန်းထဲရောက်တော့ ဆော့ဂျင်က ယွန်းဂီကို အိပ်ရာပေါ်မှာ ထိုင်စေလိုက်ပြီးနောက် သူပါ ဘေးနားမှာ ဝင်ထိုင်လာသည် ။

" ယွန်းဂီ အရမ်း စိတ်ထိခိုက်မနေပါနဲ့ ။ ဒီနေ့တစ်နေ့လုံး မင်း ပင်ပန်းထားတာ မဟုတ်လား ။ အနားယူလိုက်ဦးလေ ။ "

ထို့နောက် ဆော့ဂျင်မှာ မည်ကဲ့သို့နှစ်သိမ့်ရမည်မှန်း မသိတော့သည့်အပြင် ယွန်းဂီလည်း
ကုစားဖို့အချိန်လိုမည်ဖြစ်တာကြောင့် တစ်ယောက်တည်း ချန်ထားခဲ့လေသည် ။

ယွန်းဂီရဲ့ခေါင်းထဲ၌ အခုလတ်တလော တွေးတောနေသည်မှာ ဂျောင်းဂုနှင့်သူ တွေ့ဆုံခဲ့စဥ်ကအကြောင်းအရာများ ဖြစ်သည် ။

ဂျောင်းဂုက သူ့ကို နွေးထွေးမှုအပြည့်ပါသည့်အကြည့်ဖြင့် ကြည့်ခဲ့ဖူးသည် ။ သူ့ကိုတွေ့လျှင် သွားကြီးကြီးလေးနှစ်ချောင်းပေါ်အောင် ရယ်ပြတတ်သည် ။

သူ့အတွက်အပြင် ဆော့ဂျင် အတွက်ပါ မမေ့မလျော့ ကော်ဖီဝယ်လာတတ်သူ ဖြစ်သည် ။
သူ့အတွက် အင်္ကျီလည်း လက်ဆောင်ပေးခဲ့ပြီး Fightingလို့လည်း ပြောခဲ့ဖူးသည် ။

" အကယ်၍ သူတို့မကြိုက်ဘူးဆိုရင်တောင် ကျွန်တော် ကြိုက်တယ် ။ ကျွန်တော်က Hyung သီချင်းရေးတဲ့ကာလတစ်လျှောက်လုံး ကြိုက်နေဦးမှာ "

သူရေးတဲ့သီချင်းတွေကိုလည်း အမြဲတမ်းကြိုက်နေမှာပါလို့ ပြောခဲ့ဖူးသည် ။

ယွန်းဂီမှာ ဂျောင်းဂုက သူ့ကိုနောက်ယောင်ခံလိုက်သည့် ကိစ္စအပေါ် အခုချိန်ထိ မယုံကြည်နိုင်အောင် ဖြစ်နေရသည် ။ သူ အမြဲလိုလို ထင်နေခဲ့သည့် ရိုးသားဖြူစင်သည့်မျက်လုံးတွေက လုံးဝ ဟန်ဆောင်ထားခဲ့ခြင်း
ဖြစ်သည် ။ သူက ထိုမျှလောက်တောင် လူကဲခတ် ညံ့ခဲ့လေပြီ ။

ဆော့ဂျင်ပြောသမျှကို အစကတည်းက သူ နားထောင်ခဲ့ပြီး အတတ်နိုင်ဆုံး ဝေးဝေးက ရှောင်ရှားခဲ့ရင် အခုလိုမျိုး စိတ်ပျက်ဝမ်းနည်းနေရမည် မဟုတ်ပေ ။ အခုလိုမျိုး ယုံကြည်ရသူဆီကနေ နောက်ကျောကို ဓားနဲ့ထိုးခံရမည့်ကိစ္စလည်း ဖြစ်လာမှာ မဟုတ်ပေ ။

ယွန်းဂီမှာ ခန္ဓာကိုယ်ပင်ပန်းမှုနဲ့ စိတ်ထိခိုက်မှုပေါင်းသွားသည့်အခါ မခံနိုင်တော့ဘဲ အိပ်ရာထက်၌ ကွေးကွေးလေး အိပ်ပျော်သွားတော့သည် ။

Please Love MeWhere stories live. Discover now