နောက်တစ်နေ့ရဲ့ညနေမှာ ယွန်းဂီက ကျန်ရှိသေးသည့်အခန်းကို အောင်အောင်မြင်မြင် ရိုက်ကူးပြီးနောက် ဂျောင်းဂုကို ဖုန်းလှမ်းဆက်လိုက်ပြီး လာကြိုခိုင်းလိုက်သည် ။ ပြီးနောက် သူက ဆော့ဂျင်ကို အကျိုးအ
ကြောင်း ပြောပြလိုက်ပြီး စောစောပြန်လွှတ်လိုက်သည် ။ထိုစဥ် သူ့အနားကို ထယ်ယောင်းနှင့် ဂျီမင်းတို့ ရောက်ရှိလာပြီး ဂျီမင်းက ပြုံးလျက် စကားဆိုလာသည် ။
" Hyung...ကျွန်တော်တို့ ဒီနေ့ စောစောပြန်ရတော့ ညစာ သွားစားရအောင် "
ထိုစကားကြောင့် ယွန်းဂီမှာ ငြင်းရမည်ကို အားနာသွားရလေသည် ။
" ဟို ဟို ငါ ချိန်းထားတာရှိတယ် "
ထယ်ယောင်းက ဆိုလာသည် ။
" သူငယ်ချင်းနဲ့လား "
" အင်း "
ဂျီမင်းက စိတ်ပျက်သည့်အသံဖြင့် ပြောလာသည် ။
" ဒါဆိုလည်း နောက်တစ်ခါမှပေါ့ "
" ငါလည်း မင်းတို့ကို အားနာပါတယ် ။ သူနဲ့က ချိန်းထားပြီးသား ဖြစ်နေလို့ "
ခုနကတည်းက တစ်ခုခုကို စဥ်းစားနေသည့်ထယ်ယောင်းက စကားဆိုလာသည် ။
" Hyung ရဲ့သူငယ်ချင်းက ဟို ယုန်ပေါက်လေး ဂျွန် ဆိုတာလား "
ယွန်းဂီမှာ ဂျောင်းဂုရဲ့ ထိုနာမည်ပြောင်ကြောင့် ရယ်ချင်ချင် ဖြစ်သွားမိသည် ။
" ဟုတ်တယ် "
ဂျီမင်းက စိတ်ပျက်နေရာကနေ ချက်ချင်း တက်ကြွလာပြီး စကားဆိုလာသည် ။
" သူလား ။ သူဘယ်သူဆိုတာ သိချင်နေတာ ။ Hyung ကျွန်တော်တို့ကို မိတ်ဆက်ပေးပါလား "
ထယ်ယောင်းကပါ ထောက်ခံလာသည် ။
" ဟုတ်တယ် ။ ပြီးရင် လေးယောက်သားအတူ ညစာ သွားစားကြမယ်လေ ။ မကောင်းဘူးလား "
ယွန်းဂီမှာ သူနှင့်ဂျောင်းဂုရဲ့ နှစ်ယောက်တည်းတွေ့မည့် အစီအစဥ်ပျက်သွားမည်ကို စိုးရိမ်သွားတာကြောင့် ချက်ချင်း တားမြစ်လိုက်မိသည် ။
" မရဘူး ။ အဲ...ဟို မင်းတို့က အနုပညာရှင်တွေလေ ။ သူက သာမာန်လူဆိုတော့...မင်းတို့ကို သူက...မင်းတို့ရဲ့အရှိန်အဝါက သူ့ကို နေရထိုင်ရ ခက်စေလိမ့်မယ် ။ မိတ်ဆက်ပေးမယ်လေ ။ ဒါပေမယ့် ညစာ အတူစားဖို့က သူ့အတွက် အဆင်မပြေလောက်ဘူး "
CITEȘTI
Please Love Me