🏳️‍🌈1🏳️‍🌈 { Unicode}

6.9K 189 2
                                    

၂၅.၁၂.၁၉၉၅ ခုနှစ် ချမ်းအေးလွန်းလှသော ဒီဇင်ဘာလကြီး၊ ဒီနေ့ဟာ ခရစ်စမတ်နေ့ဖြစ်သည်။

နှင်းတွေ ကျနေပေမယ့် လူတွေကတော့ မချမ်းတဲ့ အလား ဥတုဟိုဒ ပြေးလွှားရင်း ပျော်ရွှင်နေကြသည်။

မန္တလေးပြည်သူ့ဆေးရုံကြီး ရဲ့ OG Ward တွင်တော့ ဆရာ၀န်တွေရော သူနာပြုတွေရော ရောက်ရက် ခတ်နေကြသည်။

- မိခင်က မွေးရခက်နေတယ်။ ခွဲမွေးမှ ဖြစ်မယ်။  ခွဲခန်း အဆင်သင့်ပြင်ထား။

ပြာပန်းခတ်နေတဲ့ သူနာပြုတွေကို ကြည့်ပြီး လူနာရှင်တွေမှာ ရတတ်မအေးနိုင်ကြ။

- လူနာက ခွဲမွေးမှ ဖြစ်မှာမို့ လူနာရှင်ရဲ့ သဘောတူညီချက် လိုအပ်ပါတယ်။ သဘောတူရင်  လက်မှတ် ထိုးပေးပါ။

ဦးအောင်သီဟ လည်း ဘာမှ မစဥ်းစားတော့ပဲ လက်မှတ်ထိုးပေးလိုက်သည်။ ယောက္ခမဖြစ်သူ နဲ့  အမေဖြစ်သူကလည်း တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ကာ ခွဲခန်း ဆီကို လည်တဆန့်ဆန့် နဲ့ ကြည့်နေရှာသည်။

ည ၈ နာရီ လောက်ကျမှ ခွဲခန်းတံခါးက ပွင့်လာခဲ့သည်။ ထိုထဲမှ သူနာပြုမလေးက အနှီးထုတ်အဖြူလေးနဲ့ ထုတ်ထားသော နီတာရဲ ကလေးလေးကို ချီလာတာကို တွေ့တော့

- ဆရာမ ဒါ ကျွန်တော့် ကလေးလား။

- ဟုတ်ပါတယ်ရှင့်။

- ဟို ဘာလေးလဲဟင်။

မျက်နှာပျက်သွားသော သူနာပြုမလေးကြောင့် ဘာများဖြစ်တာပါလိမ့်လို့ တွေးမိသည်။

- ဟိုလေ ကလေးက အင်္ဂါနှစ်ခု ပါနေတာမို့....

ဆရာမလေးက ဆက်မပြောပဲ စကားကို ရပ်လိုက်တော့

- အင်္ဂါနှစ်ခုဆိုတာက

- အမျိုးသားတွေလို Penis ပါသလို အမျိုးသမီးတွေလို ယောနီပါ ပါနေပါတယ်။

ဆရာမလေး စကားအဆုံး ဦးအောင်သီဟ အပါအဝင် ယောက္ခမဖြစ်သူ နဲ့  အမေဖြစ်သူ ပါ အံ့သြသွားရသည်။

ဒါ ဘယ်လို အဖြစ်အပျက်ကြီးလဲ။ ဘာလို့လဲ။ ဒါက ယောကျာ်းမကျ မိန်းမမကျ ကြီး။

- ကလေးမိခင်ကတော့ ကျန်းမာပါတယ်။ ခနနေ ကျရင် ၀င်တွေ့လို့ရပါတယ်။

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now