သု၀ဏ် - ဘယ်လိုဖြစ်တာလဲ မာန်။ ပြည့်ပြည့်လေး က မင်းကို ဘာလို့ ပါးရိုက်ရတာလဲ။
မာန် - ကြည့်ရတာ သူ ငါ့ကို အရမ်းမုန်းနေတယ် ထင်တယ်။
သု၀ဏ် - မင်း အဖြစ်မှန်တွေ ပြောပြီး ၀န်ခံ လိုက်လေကွာ။
မာန် - သူယုံမှာ မဟုတ်လောက်တော့ဘူး။ ဘာလို့ဆို ငါကိုယ်တိုင်က လိုလိုလားလား နဲ့ ဖောက်ပြန်ခဲ့တာကို။
သု၀ဏ် - ဟူး ဒါဆိုလည်း မင်း ပြန်လိုက်တော့။
မာန် - မပြန်ဘူး။ ငါ Honey နဲ့ သားလေးကို မခွဲနိုင်ဘူး။ ငါ ကြိုးစားမယ်။ Honey ငါ့ကို ပြန်လက်ခံအောင်၊ သားလေးရဲ့ အဖေ ဖြစ် လက်ခံနိုင်အောင် ကြိုးစားမယ်။
သု၀ဏ် - ဖိုက်တင်း! ငါက ပြည့်ပြည့်လေးတို့ သားအဖ ကို မင်းလက်ထဲမှာ မို့ ငါ စိတ်ချတာ။
မာန် - မင်း ငါ့ကို မမုန်းဘူးလား။
သု၀ဏ် - အစကတော့ ငါမင်းကို တအားမုန်းတာ ဒါပေမယ့် မင်းက ငါ့သူငယ်ချင်းလေ။ မင်း က အတ္တနည်းနည်းကြီးတော့ မဖြစ်သင့်တာတွေ ဖြစ်သွားတာ
သု၀ဏ် - မင်းကသာ မသိတာ။ မင်း ပြည့်ပြည့်လေး ကို ကြည့်တဲ့ အကြည့်တွေက ချစ်ရည်ရွှန်းလဲ့နေတဲ့ အကြည့်တွေ။
သု၀ဏ် - ပြည့်ပြည့်လေး ကို မင်းမချစ်ဘူး ငြင်းနေပေမယ့် သူ့အတွက် မင်းမှာ အချစ်တွေ အပြည့်ရှိတာ ငါသိတယ်။
မာန် - ဟုတ်တယ်။ ငါ Honey နဲ့ ပထမအကြိမ် လမ်းခွဲတုန်းက အရမ်းမခံစားရဘူး။ ဒုတိယအကြိမ် ကွာရှင်းလိုက်တော့မှ ငါ သိသိသာသာ သိလာရတယ်။
မာန် - အခုထိ Honey ပစ္စည်းတွေက သူ့နေရာနဲ့ သူ ရှိနေသေးတယ်။ Honey သုံးတဲ့ နှုတ်ခမ်းနီ အဆီဗူးလေးလည်း အရင်တိုင်းလေးပဲ။
သု၀ဏ် - မင်း အချစ်စစ် မှန်ရင်တော့ မင်းကို ပြည့်ပြည့်လေးက ပြန်လက်ခံလာမှာပါ။ အခုတော့ ပြည့်ပြည့်လေး ရဲ့ အမုန်း ကို ဆက်ခံနေလိုက်။
သု၀ဏ် - ငါတို့ကတော့ စည်း၀ိုင်းအပြင်ဘက်ကနေ ကြည့်နေမှာ။ မင်းကို လုံး၀ မကူညီဘူး
မာန် - အေးပါကွာ။ မင်းတို့ အကူအညီမပါပဲ ငါ Honey အချစ်ကို ရအောင် ပြန်ကြိုးစားမှာ။
%
%
%
ဆေးရုံမှာ ၃ရက်လောက်နေပြီးနောက် ကလေးရော ကလေးအဖေပါ ကျန်းမာတာကြောင့် ဆရာ၀န်ကြီးက ဆေးရုံ က ဆင်းဖို့ ခွင့်ပြုလိုက်သည်။
YOU ARE READING
Unconditional Love { Uni & Zaw } [ COMPLETED]
عاطفيةUni - သမီး မိန်းကလေးတွေကို ကျတော့ အဖိုးတန်တဲ့ ပန်း နဲ့ ခိုင်းနှိုင်းကြတယ်။ ဒါဆို ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်ကျတော့ရော! ကျွန်တော် ဘက်ကို တစ်ချက်လောက်ငှဲ့ကြည့်ပေးပါ။ ဆက်ပိုင်မိုးပြည့်! - ငါGay တွေကို အရမ်းမုန်းတယ်၊ ရွံ့လည်းရွံ့တယ်။ ဘာလို့ ငါအရ...