🏳️‍🌈25🏳️‍🌈 { Unicode }

1.5K 71 4
                                    

- ဆက်ပိုင်လေး

ဆက်ပိုင် - ကိုချစ်ကို!

ဆေးရုံကုတင်ထက်မှာ ထိုင်ပြီး အပြင်ကို ငေးကြည့်နေသော ဆက်ပိုင် အနား ချစ်ကို ၀င်ထိုင်လိုက်ပြီး

- နေရ ထိုင်ရတာ သက်သာလား

ဆက်ပိုင် - သက်သာပါတယ်။

- ကိုယ် မာန့်ဆီ ဖုန်းဆက်တာ မကိုင်ဘူး။ အလုပ်များနေတယ် ထင်တယ်။

ဆက်ပိုင် - သူကိုင်လည်း လာမှာ မှ မဟုတ်တာ။

- ညီတို့ ရန်ဖြစ်ထားကြတာလား။

ဆက်ပိုင် - ကျွန်တော် တို့ ကွာရှင်းတော့မှာ။

- ကွာရှင်းမယ်။ ဘာကြောင့်လဲ။

ဆက်ပိုင် - သူ ဖောက်ပြန်တယ်။ အခု သူဖောက်ပြန်ထားတဲ့ မိန်းကလေးမှာ ရင်သွေး ရှိနေပြီတဲ့။ သူ ကလေးလိုချင်တယ်တဲ့။ အဟက်

- ဒါဆို ညီမှာ အခွင့်အရေး ရှိသေးတယ်။ ညီမှာလည်း ကိုယ်၀န်ရှိနေတယ်

မျက်ရည်ကြည်တွေ ၀ိုင်းဖွဲ့နေသော မျက်လုံးတွေ နဲ့ ချစ်ကို ကို လှမ်းကြည့်လိုက်ပြီး

ဆက်ပိုင် - ကိုချစ်ကို မနောက်ပါနဲ့။ ကျွန်တော်က ယောကျာ်းလေးလေ။

- ယောကျာ်းလေး ဆိုပေမယ့် ညီ အခြေအနေကို ညီ သိပါတယ်။ မွေးရာပါ သားအိမ် ပါတော့ ရာသီလာတယ်။ အခုတော့ ညီ ကိုယ်၀န်တောင် ဆောင်နိုင်နေပြီ။

- ကိုယ် Ultra sound ရိုက်ကြည့်တော့ ၂လလောက် ရှိနေပြီ။ မသေချာမှာ ဆိုးလို့ သွေးတောင် စစ်ထားသေးတယ်။

ဆက်ပိုင် သူရဲ့ ဗိုက်ပေါ် လက်ကလေးတင်လိုက်ပြီး

ဆက်ပိုင် - ဘာလို့ ဘာလို့ အခုချိန်ကျမှ ဖေ့ ဆီလာတာလဲ ကလေးရယ်။

- ဒီအကြောင်းပြောပြပြီး မာန် နဲ့ ပြန်အဆင်ပြေအောင် လုပ်။

ဆက်ပိုင် - မလုပ်တော့ဘူး ကိုချစ်ကို။ ကျွန်တော် ပင်ပန်းတယ်။ သူ့ကို ချစ်ရတာ ပင်ပန်းသွားပြီ။ ကျွန်တော် ထပ်ပြီး မရူးမိုက်တော့ဘူး။

- မွေးလာမဲ့ ကလေးအတွက်ရော မစဥ်းစားတော့ဘူးလား။

ဆက်ပိုင် - ကလေးအတွက် ကျွန်တော် ရှိရင် ရပြီ။ ကိုချစ်ကို ဒီအကြောင်းတွေ မမ နဲ့ ဖေဖေ တို့ကို မပြောပါနဲ့။

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now