🏳️‍🌈26🏳️‍🌈 { Unicode }

1.7K 82 6
                                        

ဘုတ်!!

မာန် ရေမိုးချိုးပြီး အ၀တ်လဲဖို့ အတွက် အင်္ကျီထုတ်လိုက်တာ ကြွပ်ကြွပ်အိတ် အမဲလေးက ကြမ်းပြင်ပေါ် ကျသွားသည်။

အထုတ်လေးကို ကောက်ယူပြီး ဖွင့်ကြည့်လိုက်တော့ အထဲကနေ ထွက်လာသော ဆေးကဒ်တွေ၊ တစ်ချို့ ကဒ်တွေကတော့ အခွံ့တွေ!

မာန် - ဒါ ဘာဆေးတွေလဲ။ ဂျူး ရဲ့ ကိုယ်၀န်ဆောင် အားဆေးတွေနေမှာ။

အထုတ်လေးကို ပြန်အထည့် တစ်စွန်းတစ်စ မြင်လိုက်ရတဲ့ အရာတစ်ခု! ထို အရာလေးကို ဆွဲယူကာ ထုတ်ကြည့်လိုက်တော့!

မာန် - ဒါ!!ဒါက

မာန် ခနက ဆေးထုတ်ထဲက ကဒ်ခွံ တစ်ခုကို ယူကာ ခြူး ရှိမဲ့ ဆေးခန်းကို ထွက်လာလိုက်သည်။ ဆေးခန်း ကိုရောက်တော့

မာန် - ဆရာမ အထဲမှာ ခြူးရှိသေးလား။

- ရှိပါတယ်ရှင့်

ဆရာမလေး စကားအဆုံး မာန် အခန်းထဲ ၀င်သွားသည်။ ဆေးခန်းထဲမှာ ကလေး နဲ့ ကလူကျီဆယ်နေသော ခြူး နဲ့ ကိုချစ်ကို ကိုတွေ့လိုက်သည်။

ခြူး - နင် ဘာလာလုပ်တာလဲ။

မာန် - ခြူး ငါမေးစရာရှိလို့!

ခြူး - ဘာမေးမှာလဲ။ ငါ မဖြေနိုင်ဘူး။ ငါ့ဆေးခန်းထဲက ထွက်သွား။

ဆက်ပိုင် ကိစ္စနဲ့ ပတ်သက်ပြီး ခြူးက အခုထက်ထိ ကျွန်တော့်ကို အစာမကြေသေးဘူး ထင်တယ်။

- ခြူး! စိတ်လေးကို လျှော့ပါ။ ကဲ ညီ ဘာမေးစရာရှိလို့လဲ အစ်ကို့ကို မေး။

လေပြေလေးနဲ့ ၀င်ပြောတဲ့ ချစ်ကို ကို ခြူး မျက်စောင်းထိုးလိုက်သည်။

မာန် ဘောင်းဘီအိတ်ကပ်ထဲက ဆေးကဒ်လေးကို ထုတ်ကာ

မာန် - ကိုချစ်ကို ဒါ ဘာဆေးလဲဟင်။

ချစ်ကို မာန် လက်ထဲက ဆေးကဒ်ကို ဆွဲယူပြီး

- ဒါက သန္ဓေတားဆေးလေ။

မာန် - သန္ဓေတားဆေး! ဒါကို ဂျူးက ဘာဖြစ်လို့ သောက်ရတာလဲ။

ခြူး - နင့် မိန်းမက ဗိုက်မကြီးအောင် သောက်တာနေမှာပေါ့! ဟင် နေပါအုံး နင့် မိန်းမက ကိုယ်၀န်ကြီးနဲ့ မဟုတ်ဘူးလား။

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now