ဒီနေ့ သားလေး ရမာန်မိုးပြည့် ရဲ့ ရက်၁၀၀ ပြည့် မွေးနေ့ ! မိသားစုသုံးယောက်လုံး ဆင်တူလေးတွေ ၀တ်ထားကြတာ အရမ်းကို ချစ်ဖို့ကောင်းသည်။
အဖေနှစ်ယောက်က ရှပ်အင်္ကျီအဖြူကိုမှ ပိုးပုဆိုး နက်ပြာလေး ၀တ်ထားပြီး သားသားကိုလည်း အင်္ကျီအဖြူလေးနဲ့ နက်ပြာရောင် ဘောင်းဘီလေးကို ၀တ်ဆင်ပေးထားသည်။
- ဘိုးဘိုးကြီးနဲ့ မြေးက ချစ်စရာလေးကွာ
မြေးဖြစ်သူကို ဦးမာန်မင်းရောင် မှာ ချစ်မ၀ ဖြစ်နေရှာသည်။ အရင်က ဘယ်လောက်ပဲ Gay တွေကို မုန်းခဲ့ ရွံ့ခဲ့ အခုတော့ သမတ်ဖြစ်သူကြောင့် အမြင်မှန်တွေပါ ရလာပြီ။
- သားတို့ ဘုရားသွားပြီးရင် ပြန်လာမှာလား။
မာန် - မလာဘူး မေမေ။ မိုးသားရိပ် ဆိုတဲ့ မိဘမဲ့ ဂေဟာ မှာ အလှူလေး သွားလုပ်မယ်။ ပြီးရင် သားသား ကို တိရစ္ဆာန်ဥယျာဥ် လိုက်ပို့ရအုံးမယ်။
- ဘယ်ချိန် အိမ်ပြန်လာမှာလဲ။
ဆက်ပိုင် - ညနေ ၅နာရီတော့ အရောက်ပြန်လာမှာပါ။ ဘာလို့လဲ အမေ
- မွေးနေ့ပွဲလေး ကျင်းပရမယ်လေ။ ညကျရင် လာကြမဲ့ ဧည့်သည်တွေအတွက် ပြင်ဆင်ရအုံးမယ်လေ။
ဆက်ပိုင် - ဟုတ်သား! ကျွန်တော်တို့ မေ့နေတာ။ ဟီး စောစော ပြန်လာခဲ့ပါမယ် အမေ
ဒေါ်သော်တာဆွေ သားဖြစ်သူကို ကြည့်လိုက်တော့ မိမိကို စူပုတ်စွာ ကြည့်နေတာမို့ မမြင်ချင်ယောင်ဆောင်ထားလိုက်သည်။
ဒီနေ့ကို အထူးပြုပြီး ဆက်ပိုင် ကို အသားယူမဲ့သူက မာန် !
ဆက်ပိုင် - ဒါဆို ကျွန်တော်တို့ သွားတော့မယ် အဖေ နဲ့ အမေ
အဘိုးအဘွား နှစ်ယောက်က မြေးငယ်လေးကို အနမ်းတွေ ခြွေလိုက်သည်။
မာန် ကားဘယ်ဘက်က တံခါးလေးကို ဖွင့်ကာ ဆက်ပိုင် နဲ့ သားသားကို အဆင်သင့် စောင့်ကြိုနေလိုက်သည်။
ဆက်ပိုင် လည်း ချစ်ရသူကြီး ဖွင့်ထားပေးသော ကားတံခါးအခြမ်းဘက် သွားကာ Love Set မှာ ၀င်ထိုင်လိုက်သည်။
YOU ARE READING
Unconditional Love { Uni & Zaw } [ COMPLETED]
RomanceUni - သမီး မိန်းကလေးတွေကို ကျတော့ အဖိုးတန်တဲ့ ပန်း နဲ့ ခိုင်းနှိုင်းကြတယ်။ ဒါဆို ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်ကျတော့ရော! ကျွန်တော် ဘက်ကို တစ်ချက်လောက်ငှဲ့ကြည့်ပေးပါ။ ဆက်ပိုင်မိုးပြည့်! - ငါGay တွေကို အရမ်းမုန်းတယ်၊ ရွံ့လည်းရွံ့တယ်။ ဘာလို့ ငါအရ...