🏳️‍🌈31🏳️‍🌈 { Unicode }

1.6K 72 0
                                    

မာန် နိုးလာတော့ ရင်ခွင်ထဲ က ချစ်ရသူလေးကို မြတ်နိုးခြင်းများစွာဖြင့် ကြည့်နေမိသည်။

ဘေးနားလေးမှာ အိပ်ပျော်နေသော သားလေးကို လှမ်းကြည့်လိုက်ပြီး

မာန် - သားဖ နှစ်ယောက်လုံး ချစ်ဖို့ ကောင်းတာ

ဆက်ပိုင် - အင်း

လှုပ်လှုပ်ရွရွ ဖြစ်လာသော ကောင်လေးငယ်ကြောင့် မာန် မျက်လုံးတို့ ပြန်မှိတ်ချလိုက်ပြီး အိပ်ချင်ယောင်ဆောင်လိုက်သည်။

ဆက်ပိုင် သူ့ကို ဖက်ထားသော မာန့် လက်တွေကို အသာဖယ်ကာ အိပ်ယာပေါ် ထိုင်နေရင်း

ဆက်ပိုင် - ငါ တော်တော် အိပ်ပျော်သွားတာပဲ။

ဘေးနားက အိပ်ပျော်နေသော သားလေးနဲ့ သူ့အဖေ ကို ကြည့်လိုက်တော့

ဆက်ပိုင် - သားအဖတွေ ကာလနဂါးသေလို့ ၀င်စားတာလား အောက်မေ့ရတယ်။

ကုတင်ပေါ်မှ အသာ ဆင်းလိုက်ပြီး သားလေးကို မာန့် လက်မောင်းပေါ် တင်ပေးပြီး စောင်ခြုံပေးကာ အခန်းထဲက ထွက်လာလိုက်သည်။

ဆက်ပိုင် ထွက်သွားမှ မာန် မျက်လုံးတို့ ပွင့်လာပြီး အခုထိ အိပ်နေသေးသော သားလေးရဲ့ မျက်နှာကို တရွှတ်ရွှတ် နဲ့ နမ်းလိုက်သည်။

မာန် လည်း အိပ်ယာမှ ထကာ ရေချိုးဖို့ ရေချိုးခန်းထဲ ၀င်လာလိုက်သည်။

မာန် ရေချိုးပြီး ထွက်လာတော့ သားလေးက နိုးလို့ နေပြီ

မာန် - အာ Daddy သားလေးက နိုးလေပြီလား။

သားလေးကို ကလူမြူလိုက်တော့ သားလေးက သဘောကျလို့ ထင် တခစ်ခစ်နဲ့

သားလေးရဲ့ မျက်လုံးတွေက သူ့အဖေလိုပဲ ဖန်ဂေါ်လီလုံးလေးတွေလို တောက်ပလို့! ပါးကြီးနှစ်ဖက်ကလည်း ဖောင်းအစ်နေသည်။ နှာတံ နဲ့ နှုတ်ခမ်းလေးတွေကတော့ ကျွန်တော် နဲ့ တူသည်။

သားလေးကြီးလာရင်တော့ တကယ့်လူချော တစ်ယောက်ဖြစ်မှာ။

ဆက်ပိုင် - သားလေး နိုးနေပြီလား။

အသံနဲ့ အတူ အခန်းထဲ ၀င်လာသော ဆက်ပိုင်။

မာန် - နိုးနေပြီ. Honey ဘယ်သွားမလို့လဲ။

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now