Final Exam အတွက် အပတ်တကုပ် ကြိုးစားနေကြတာမို့ အရင်လို တီတီတာတာ စကားတွေ ပြောဖို့ အချိန်မရှိခဲ့။
တွဲနေတဲ့ ၄ လအတွင်း သိလာတာ တစ်ခုက ဆက်ပိုင် က ကျွန်တော့်ကို အရမ်းချစ်တယ် ဆိုတာ
ဖြူစင်လွန်းတဲ့ ဒီကောင်လေး ကို ကျွန်တော် လှည့်ဖျားခဲ့တာ ကြာလာတော့ အားတောင် နာလာရသည်။
ဆက်ပိုင် - ကိုကို ဘာတွေ တွေးနေတာလဲ။
မာန် - ဟိုကြောင်း ဒီကြောင်း။
ကျွန်တော်ထိုင်နေတဲ့ နားကို ရောက်လာပြီး ဘေး၀င်လာသော ဆက်ပိုင်။
မာန် - Honey စာတွေ ရနေပြီလား။
ဆက်ပိုင် - အင်း ရပြီ။ ဒါပေမယ့် နည်းနည်းတော့ ခက်တယ်ရယ်။
ပခုံးလေးပေါ် ခေါင်းလေးတင်လာတော့ သဘောကျစွာ ခေါင်းလေးကို ဖွလိုက်မိသည်။
ဆက်ပိုင် - ဒါနဲ့ ကိုကို စာမေးပွဲ ပြီးရင် ပြန်မှာလား။
မာန် - ၂ပတ်တော့ ပြန်မယ်။ ဘာလို့လဲ။
ဆက်ပိုင် - ၂ပတ်တည်းလား။ ဒါဆို Honey က လွမ်းနေရတော့မှာ။
မာန် - Why!
ဆက်ပိုင် - Honey က ဖေဖေ့ ကုမ္ပဏီ မှာ အလုပ်သင်အနေနဲ့ ၀င်ရတော့မှာလေ။ ကျောင်းပြန်ဖွင့်မှ ကိုကို နဲ့ တွေ့ရတော့မှာ။
မာန် - ညတိုင်း ဖုန်းပြောကြမယ်လေ။
ဆက်ပိုင် - ကိုကို နောက်နေတာလား။ Honey အိမ်အကြောင်း သိရဲ့သားနဲ့။
ဟုတ်သားပဲ။ သူ လုံး၀ကို မေ့နေခဲ့တာ။ ဆက်ပိုင် အိမ်က အခုတလော ဘာစိတ်ကူးပေါက်လဲ မသိ ဆက်ပိုင် ကို အတင်းစည်းကမ်းတင်းကျပ်နေတာ။
မာန် - Honey! တစ်နေ့နေ့ တစ်ချိန်ချိန်ကျ ကိုယ် Honey နဲ့ လမ်းခွဲမယ်ဆို Honey ဘယ်လိုလုပ်မှာလဲ။
ကျွန်တော့်လက်ကို ကိုင်ပြီး ဆော့ကစားနေသော ကောင်လေးဟာ ထိုမေးခွန်းကို မေးလိုက်တော့ ဆော့ကစားနေတာကို ရပ်ပြီး ကျွန်တော်နားမှ ထွက်သွားလေရဲ့။
၀ရံတာပေါ် လက်ထောက်ပြီး ကောင်းကင်ပေါ်မော့ကြည့်နေတဲ့ ကောင်လေးကို ကြည့်ရင်း ဘာမှန်းမသိတဲ့ ခံစားချက်ကြီး ကို ခံစားလိုက်ရသည်။
YOU ARE READING
Unconditional Love { Uni & Zaw } [ COMPLETED]
Любовные романыUni - သမီး မိန်းကလေးတွေကို ကျတော့ အဖိုးတန်တဲ့ ပန်း နဲ့ ခိုင်းနှိုင်းကြတယ်။ ဒါဆို ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်ကျတော့ရော! ကျွန်တော် ဘက်ကို တစ်ချက်လောက်ငှဲ့ကြည့်ပေးပါ။ ဆက်ပိုင်မိုးပြည့်! - ငါGay တွေကို အရမ်းမုန်းတယ်၊ ရွံ့လည်းရွံ့တယ်။ ဘာလို့ ငါအရ...
![Unconditional Love { Uni & Zaw } [ COMPLETED]](https://img.wattpad.com/cover/276977612-64-k341380.jpg)