ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အမည်ကြီး Club တစ်ခုအတွင်း၌
- မာန် ရောက်လာပြီလား။
Club အတွင်းထဲ သူငယ်ချင်းဖြစ်သူကို ဝေ့ဝဲရှာနေတုန်း မျက်လုံးထဲ ၀င်လာတဲ့ ကောင်လေး နှစ်ယောက်။ Club အတွင်း အရှက်မရှိ လိင်ဆက်ဆံနေကြတာ မြင်မကောင်း!
အာလေးလျှာလေးဖြင့် အနားရောက်လာကာ ပခုံးပေါ် လက်တင်ပြီး ဆိုလာသော အကောင်းစား သူငယ်ချင်းလေး
မာန် - ကျစ်! မင်း ငါ့ကို ဘယ်လိုနေရာကို လာဖို့ ခေါ်တာလဲ။
- ဟီး Sorry Sorry! ဒီclub က အသစ်အဆန်းလေးတွေ ရှိတယ်ဆိုလို့လေ။
မာန် - ပြန်မယ်။ ရွံ့စရာ ကောင်းတဲ့ ဒီနေရာမှာ ငါမနေချင်ဘူး။
သူငယ်ချင်းအကောင်းစားလေးကို ဂုတ်ကနေ ဆွဲကာ Club အတွင်းမှ ထွက်လာလိုက်သည်။ ကားပါကင် ရောက်တော့လည်း တစ်ချို့အတွဲတွေက ဖြစ်ချင်တိုင်း ဖြစ်လို့။
အနောက်နိုင်ငံတွေ ရဲ့ ယဥ်ကျေးမှု လို့ ဘယ်လောက်ဆိုဆို ကျွန်တော် အတွက်တော့ ထိုမြင်ကွင်းတွေက အကျည်းတန်ပြီး ရုပ်ဆိုးလွန်းသည်။ ပိုဆိုးတာက Gay အတွဲတွေ!! ယောကျာ်းအချင်းချင်း လို့ သိထားပေမယ့် တစ်ချို့ဆို မိန်းကလေး အချင်းချင်းတောင် တွဲကြတဲ့ သူတွေ ရှိသေး။ LGBT ဆိုတာကို ကျွန်တော် လက်ခံလို့ မရနိုင်သေးဘူး။
ဒီမှာနေတာ ၉ နှစ်ကျော် ၁၀နှစ် နီးပါး ရှိနေပေမယ့် လုံး၀ အသားမကျသေး။ နိုင်ငံခြား ကို ကျွန်တော် ဘာလို့ ထွက်လာလဲ ဆိုတော့ ခြူးကြောင့်။ ၁၀တန်း တုန်းက Bio ဖြေတဲ့ နောက်ဆုံးနေ့မှာ ခြူး ကို ဖွင့်ပြောခဲ့ပေမယ့် ခြူး က သူ့မောင် ရဲ့ ဖြစ်တည်မှုကို လက်ခံနိုင်တဲ့ သူမျိုးကိုမှ ချစ်နိုင်မယ်တဲ့။ ၅နှစ်တိုင်တိုင် ဖွင့်ပြောခဲ့ပေမယ့် ပြန်ပေးလာတဲ့ အဖြေက တစ်ခွန်းတည်း!!
အဲ့နောက်ပိုင်း မဆက်သွယ်ဖြစ်ကြတော့ပေ!
ဟက် ကျွန်တော် လုံး၀ လက်မခံနိုင်ဘူးလေ။ ကျွန်တော့် ယောက်ဖက Gay ဆိုတဲ့ အကြောင်း လူအများရှေ့မှာ ချပြရမှာလား။
%
%
%
- သားမာန် ထိုင်းမှာ ရှိတဲ့ ကုမ္ပဏီခွဲကို သားသွားဦးစီးပေးပါလား။ ၄နှစ် ၅နှစ်လောက်ပါပဲ။
YOU ARE READING
Unconditional Love { Uni & Zaw } [ COMPLETED]
عاطفيةUni - သမီး မိန်းကလေးတွေကို ကျတော့ အဖိုးတန်တဲ့ ပန်း နဲ့ ခိုင်းနှိုင်းကြတယ်။ ဒါဆို ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်ကျတော့ရော! ကျွန်တော် ဘက်ကို တစ်ချက်လောက်ငှဲ့ကြည့်ပေးပါ။ ဆက်ပိုင်မိုးပြည့်! - ငါGay တွေကို အရမ်းမုန်းတယ်၊ ရွံ့လည်းရွံ့တယ်။ ဘာလို့ ငါအရ...