🏳️‍🌈24🏳️‍🌈 { Unicode }

1.6K 66 2
                                        

မာန် - Honey ဒီည အိမ်ပြန်နောက်ကျမယ်။

ဆက်ပိုင် - ဘာလို့လဲ ကိုကို

မာန် - ညစာစားပွဲ ရှိလို့။ ကိုယ် သွားပြီနော်။

ဆက်ပိုင် - ဟုတ်!!

မာန် ရဲ့ ကျောပြင်ကျယ်ကြီးကို ကြည့်ကာ ဆက်ပိုင် သက်ပြင်းချလိုက်သည်။ အခုရက်ပိုင်း ကိုကို ထူးဆန်းနေတာတော့အမှန်! ခါတိုင်း ရင်ခွင်ထဲ ထည့်အိပ်နေကြ ကိုကို က အခုတော့ ကျောပေးပြီး အိပ်နေတတ်ပြီ

တစ်ခါတစ်လေ ကျွန်တော့်ဘက်က နမ်းရင်  ရှောင်ထွက်သွားသော ကိုကို! ကိုကို က ကျွန်တော် နမ်းတာကိုတောင် မလိုချင်တော့ဘူးလား

ကျွန်တော်ဘက်က ဘာတွေ လိုအပ်ချက် ရှိနေလို့လဲ။ ဟူး

မှန်မှာ ထင်ဟပ်နေတဲ့ ကိုယ့်ကို ကြည့်လိုက်တော့  ဂုတ်ထိ ရှည်နေသော ဆံပင်လေးတွေ။ အခုတလော ဘာဖြစ်နေမှန်း ကျွန်တော့်ကိုယ် ကျွန်တော် မသိဘူး။ အရမ်းကို လှချင်ပချင် နေသည်။

ဖန်ခေါင်းဘီးလေး ယူလိုက်ပြီး ရှည် ဆံပင်လေးတွေကို သပ်သပ်ရပ်ရပ် ဖြီးကာ ခေါင်းစည်းကွင်းလေးနဲ့ ထိပ်နားလေးကို စည်းလိုက်သည်။

ဆက်ပိုင် - ငါ က ဘာလို့ လှချင်ပချင်နေရတာလဲ။ ဒါတွေကြောင့် ကိုကို က ငါ့ကို မလိုချင်တော့တာလား။

ဆက်ပိုင် - တော်ပြီ ဆက်ပိုင် မစဥ်းစားနဲ့တော့ အစကတည်းက သူက မင်းကိုမှ မလိုချင်တာ။

ဆက်ပိုင် ကားသော့ နဲ့ ပိုက်ဆံအိတ် ယူကာ အိမ်အောက်ထပ် ဆင်းလာလိုက်သည်။

ကိုကို့ မိဘတွေက နိုင်ငံခြားကို ခရီးထွက်နေတာမို့ အိမ်မှာ မရှိ။ ​ရှိတဲ့ နှစ်ယောက်လေးကလည်း အေးတိအေးစက်နဲ့ အိမ်ကြီးက ခြောက်ကပ်လို့

ကားပေါ်တတ်၊ ကားစက်နှိုးပြီးနောက် ခြံ၀န်းထဲမှ ထွက်လာလိုက်သည်။

ကားမောင်းရင်း သီချင်းနားထောင်တတ်တာ ကျွန်တော့် အကျင့်! အရင်က သီချင်းအေးအေးလေးတွေ နားထောင်တတ်သော ကျွန်တော်က အခုတော့ မြူးမြူးကြွကြွလေးတွေကို နားထောင်တတ်လာပြီ။

ဆက်ပိုင် ဆိုင်ရောက်တော့ ကိုမိုး က

- ပိုင်လေး ဆံပင်မညှပ်တော့ဘူး။ တော်တော်ရှည်နေပြီ။

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now