🏳️‍🌈10🏳️‍🌈 { Unicode }

1.4K 65 0
                                    

မာန် - ဆက်ပိုင်မိုးပြည့် ရောက်ရင် ငါ့အခန်းထဲ လွှတ်လိုက်။

- ဟုတ်ကဲ့ပါ Boss

အလုပ် နဲ့ ကျောင်း! ကျောင်း နဲ့ အလုပ် ပတ်ချာလည်နေတာ သု၀ဏ် တို့နဲ့လည်း မတွေ့ဖြစ်တော့ပေ။ ကျောင်းမှာတော့ ဆက်ပိုင်မိုးပြည့်က အရမ်းကို အမည်ကြီးလို့နေသည်။

အတွေးတွေကို ရုတ်သိမ်းကာ အလုပ်ထဲကိုသာ အာရုံစိုက်ရတော့သည်။

ဒေါက်! ဒေါက်! ဒေါက်!

တံခါးခေါက်သံနဲ့ အတူ အခန်းထဲ ၀င်လာသော နန်းမော၀်!

- Boss ! Satt ရောက်နေပါပြီ။

မာန် - အင်း ၀င်လာခိုင်းလိုက်။

နန်းမော၀် ထွက်သွားပြီး ဘယ်လောက်မှ မကြာ ဆက်ပိုင် အခန်းထဲ ၀င်လာခဲ့သည်။ တီရှပ် အဝါလေးကိုမှ ဂျင်းပန် နဲ့ တွဲ၀တ်ထားပြီး ဆံပင်ကို ခရမ်းနုရောင်လေး ဆိုးထားသော ဆက်ပိုင် က အတော်ကို ချောသည်။

ဆက်ပိုင် - CEO ကျွန်တော့်ကို ဘာများပြောစရာရှိလို့လဲဗျ။

မာန် - ပြောစရာက မိုးရာသီအထူးပရိုမိုးရှင်း ပွဲမှာ မင်းဖျော်ဖြေပေးနိုင်မလားလို့ပါ။

ဆက်ပိုင် - ဘယ်နေ့လဲ။

မာန် -  အင်း ၂၅ ရက်နေ့။ အဆင်ပြေလား။

ဆက်ပိုင် - ဟုတ် ပြေပါတယ်။ 

မာန် - အင်း ဒါဆို အဲ့နေ့အတွက် လိုအပ်တာတွေကို ပြင်ဆင်ပြီး ပို့ပေးလိုက်မယ်။

ဆက်ပိုင် - ဟုတ်ကဲ့။ ဟို...

မာန် - ​ဘာပြောစရာရှိလို့လဲ။

ဆက်ပိုင် - အပြင်မှာ နေရတာ အဆင်ပြေရဲ့လားလို့ပါ။ ကိုကြီးမာန် အရင်ကထက် ပိန်သွားလို့။

မာန် တစ်ချက်ပြုံးလိုက်ပြီး

မာန် - အဆင်မပြေဘူး။ မင်း ချက်ကျွေးတဲ့ ထမင်းဟင်း မဟုတ်လို့ အခုတလော ကိုယ် ဘာမှ စားမ၀င်ဘူး။

ဆက်ပိုင် - အိမ်...အိမ်မှာ ပြန်လာနေပါလား။

မာန် - ပြန်လာနေရမလား။

ဆက်ပိုင် - လာနေလိုက်ပါလား။ အိမ်မှာ ကိုကြီးမာန် မရှိတော့ ကျွန်တော်လည်း ပျင်းတယ်။

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now