🏳️‍🌈34🏳️‍🌈 { Unicode }

1.6K 69 0
                                    

ဆက်ပိုင် - သား!!!

- သား သတိရလာပြီလား။

ဆက်ပိုင် - ဖေဖေ မေမေ! သားရော သားရောဟင် အဲ့လူတွေနဲ့ အဆက်အသွယ် ရလားဟင်။

- သူတို့ဘက်က ဆက်သွယ်လာတယ်။ ၃ရက်နေမှ နေရာအတိအကျပြောမယ်တဲ့။

ဆက်ပိုင် - ၃ရက် မစောင့်နိုင်ဘူး။ ကိုကိုရော။

- သားမာန် က ဘဏ်မှာ ပိုက်ဆံသွားထုတ်တယ်။ သား မစိုးရိမ်နဲ့နော်။ မြေးလေးကို သူတို့ ဘာမှ လုပ်လောက်မှာ မဟုတ်ဘူး။

ဆက်ပိုင် - ဒါပေမယ့် သားစိတ်ပူတယ် ဖေဖေ ရာ။

ဦးအောင်သီဟ သားဖြစ်သူ ရဲ့ ပခုံးလေးကို ဆုပ်ကိုင်ကာ အားပေးနှစ်သိမ့်လိုက်ရသည်။
%
%
%
- ကိုကျော် ဘာလို့ ကလေးငယ်လေးကို ပြန်ပေးဆွဲရတာလဲ!

- ငါ့ကို အခုလို ဒုက္ခိတ ဖြစ်အောင် လုပ်လိုက်တဲ့ အကောင် ကို ပညာပေးချင်လို့။ ပိုက်ဆံကတော့ အစစ်တောင်းလိုက်တာပေါ့။

- ဒါပေမယ့် ကလေးငယ်ရဲ့ ပါးစပ်ထဲက အ၀တ်စကြီးကိုတော့ ဖြည်ပေးသင့်တယ်။

- မျိုးမစစ်တဲ့ ကောင်တွေ က မွေးတဲ့ ကလေးရဲ့ ငိုသံတွေက နားကြားပြင်းကပ်လွန်းတယ်။

စားပွဲခုံပေါ်မှာ ဟိုလှိမ့် ဒီလှိမ့် ဖြစ်နေသော ကလေးကို ကျော်သူရ ကြည့်ကာ

- အဲ့ကလေးကိုရော ဒုက္ခိတ ဖြစ်အောင် လုပ်လိုက်သင့်လား။

- မလုပ်နဲ့ ကိုကျော်။ ကလေး ကို ဘာအထိအခိုက်မှ မလုပ်ပါဘူးဆိုပြီး ကတိပေးထားတယ်လေ။

နိုင်သိန်း ဆိုတာ ကျော်သူရ ရဲ့ လက်ပါးစေ။ မွေးကတည်းက ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ သူမို့ ထိုသူခိုင်းတာ မှန်သမျှ ကို မညီးမညူ လုပ်ပေးဖြစ်သည်။

သူ့ကို ဒုက္ခိတ ဖြစ်အောင် လုပ်သော သူကို လက်စားချေချင်သော သူကြောင့် ထိုအိမ်မှာ ခြံစောင့် အလုပ်သမား ဟန်ဆောင်ကာ သူတို့ရဲ့ ရင်နှစ်သည်းခြာလေးကို ဖမ်းလာခဲ့ခြင်း

ထိုကလေးလေးက အရမ်းချစ်ဖို့ကောင်းတယ်။ နှစ်ဖက်မိဘတွေရဲ့ သည်းသည်းလှုပ်ချင်းကို ခံရတာမို့ ထိုကလေးကိုသာ ပြန်ပေးဆွဲဖို့ ဖြစ်လာခြင်း

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now