🏳️‍🌈7🏳️‍🌈 { Unicode }

1.3K 77 0
                                    

- Boss ကုန်ပစ္စည်း အသစ်အတွက် ဘယ်မော်ဒယ်လ် နဲ့ ကြော်ငြာမလဲ။

- ကျွန်တော် အကြံပြုချင်ပါတယ်။ အခုတလော လူငယ်တွေကြားရေပန်းစားနေတဲ့ ကောင်လေး တစ်ယောက်ရှိတယ်။ သူ့ကို မော်ဒယ်လ် အဖြစ် ငှားပါလား။

မာန် - ဘယ်သူ့ကို ငှားချင်ကြတာလဲ။

ထိုအခါ အရောင်းငှာန မှ ငှာနမှူးက ထကာ ပရိုဂျက်တာရှေ့ ရပ်လိုက်သည်။  ဖုန်းနဲ့ ချိတ်ဆက်ပြီးနောက် မှာ  Screen ထက် ပေါ်လာသော လူကြောင့် မာန် သက်ပြင်းချလိုက်ရသည်။

*ထပ်ပြီး သူပဲလား!*

- သူ့ကိုပါ။ ပြီးခဲ့တဲ့ အပတ်က ENZO Com က အသစ်ထွက်က ဖိနပ်ဒီဇိုင်းကို သူကြော်ငြာပေးတာ ၁နာရီအတွင်း အကုန်ရောင်းထွက်ခဲ့တယ်။ ဒါကြောင့် သူ့ကို မော်ဒယ်အဖြစ် ဖိတ်ခေါ်ဖို့ လိုအပ်နေပါပြီ။

ပိတ်ကားထက်၀ယ် ခပ်ချိုချို အပြုံးတစ်ခုဖြင့် လူတွေ အားလုံး ရဲ့ အချစ်တွေကို သိမ်းပိုက်ထားသာ လူသား။ ထိုထဲတွင် ကျွန်တော်တော့ မပါ။

Short vedio လေးတစ်ခုကနေမှ အရင်းပြုပြီး လူငယ်တွေကြားထဲ မိန်းမချောချောသော ထိုကောင်လေးက နေ့ချင်းညချင်း တရှိန်ထိုး အမည်ကြီးခဲ့သည်။ တစ်ချို့ ရုပ်သံလိုင်း တွေ၊ Entartainment တွေက အစ ကမ်းလှမ်းချင်းကို ခံရတဲ့ ထိုလူသား။

အားလုံးက ထိုလူသားနဲ့ပဲ ကုန်ပစ္စည်းကြော်ငြာချင်တယ် ထင်! ကျွန်တော့် ဆုံးဖြတ်ချက်ကို မျှော်လင့်တကြီး စောင့်စားနေကြသည်။

မာန် - ကောင်းပြီ။ သူကိုပဲ မော်ဒယ်လ် အဖြစ် ငှားလိုက်ပါ။

သူပြောလိုက်တော့ အားလုံးရဲ့ မျက်နှာတွေက မှိုရသွားသလို ပြုံးပျော်နေကြသည်။

အစည်းအဝေးသိမ်းပြီး ရုံးခန်းကို ပြန်လာလိုက်သည်။ ရုံးခန်းထဲ ရောက်တော့ မလာစဖူး အလာထူးတဲ့ သူတစ်ယောက်! ထိုသူကတော့

မာန် - ခြူး!!

ခြူး - အစည်းအဝေး ပြီးပြီပေါ့။

မာန် - အင်း နင် ထိုင်းတွေ ရောက်နေတာ မပြောဘူး။

ခြူး - စာတမ်း ဖတ်ပွဲကြောင့်ပါ။ ညနေ နင်အားလား။ ငါ ကိုကြီး နဲ့ နင့်တို့ကို မိတ်ဆက်ပေးမလို့။

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now