🏳️‍🌈15🏳️‍🌈 { Unicode }

1.5K 73 3
                                        

စာမေးပွဲ ပြီးပြီချင်း အိမ်ပြန်လာခိုင်းတဲ့ ဖေဖေ တို့ကို သူငယ်ချင်းတွေနဲ့ ၂ပတ်လောက် လျှောက်လည်ချင်တယ်ဆိုပြီး မရမက ခွင့်တောင်းရတာ အမော

ကိုကြီးသု၀ဏ် ၊ မမ ပါ ၀င်ပြောတော့မှ ဖေဖေ တို့က ခွင့်ပြုခဲ့လေသည်။ တစ်ခါတစ်လေ ချုပ်ချယ်မှုတွေ ကင်းပြီး လွတ်လပ်စွာ ဘ၀ကို ဖြတ်သန်းချင်တယ်။

မိဘမဲ့ ကလေးတွေကို အရမ်းသနားသလို အရမ်းလည်း အားကျသည်။ သူတို့ဆို သူတို့ ဖြစ်ချင်တာ မှန်သမျှ သူတို့ လုပ်ခွင့်ရသည်။

မာန် - Honey ဘာတွေ တွေးနေတာလဲ။

ပန်းအလှတွေ ရှု့စားရင်း အတွေးလွန်နေတုန်း ခါးကို ရစ်သိုင်းလာတဲ့ လက်တစ်စုံ နဲ့ နွေးသွားသော ပါးပြင်တစ်ဖက်

ဆက်ပိုင် - ဟိုတွေး ဒီတွေး။ မနက်ဖြန် ဆို ပြန်ရတော့မယ်။

မာန် - Honey ကိုယ်တို့ လမ်းခွဲကြရအောင်။ ကိုယ် တောင်းပန်ပါတယ်။ ကိုယ် မင်းကို မချစ်ခဲ့ဘူး။

ဆက်ပိုင် - Honey သိပါတယ်။ Honey လို လူကို ဘယ်သူက မြတ်မြတ်နိုးနိုး ချစ်မှာလဲ။ အဲ့ထဲ ကိုကို အပါအ၀င်ပေါ့။

ဆက်ပိုင် - ကိုကို လက်စားချေတာ အောင်မြင်ပါတယ်။ ကိုကို နဲ့ မမခြူး ဝေးရတာ ကျွန်တော်ကြောင့် ဆိုရင် ကျွန်တော်တောင်းပန်ပါတယ်။

ပခုံးပေါ်မေးတင်ထားတာမို့ ဆက်ပိုင်ရဲ့ လည်တိုင်ဖွေးဖွေးလေးကို လှမ်းနမ်းလိုက်သည်။

မာန် - ကိုယ် အမုန်းတွေ အားလုံး​ကျေပေးလိုက်ပါပြီ။

ဆက်ပိုင် - ကျေးဇူးပါ။ ကံမကုန်လို့ ပြန်ဆုံခဲ့ရင်တောင် မသိတဲ့ သူစိမ်းတွေလို နေသွားကြရအောင်။ ပြီးတော့ Gay တွေကို ဆက်မုန်းနေတာကို ရပ်တန်းက ရပ်လိုက်ပါ။

မာန် - အင်း ကိုယ် Gay တွေကိုတော့ မမုန်းတော့ဘူး။ ဒါပေမယ့်

ဆက်ပိုင် - ဒါပေမယ့် ဘာဖြစ်လဲ

မာန် - အင့်ဟင်း ဘာမှ မဟုတ်တော့ဘူး။

🍋Honey ကိုတော့ ကိုယ်ဆက်မုန်းနေပါရစေ။ ဘာလို့ဆို Honey က ကိုယ့်နှလုံးသားကို အပိုင်သိမ်းသွားတာမို့။🍋

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now