သီဟ - ကိုကို
သု၀ဏ် - ပြော
သီဟ - ကိုကို ကလည်း ညင်ညင်သာသာလေး ထူးတာ မဟုတ်ဘူး။
သု၀ဏ် - မင်းကို ငါဘာပြောခဲ့လဲ။ ငါ နဲ့တွဲရင် ရိုဆန်မှုတွေ ရမှာ မဟုတ်ဘူးလို့။
ဟုတ်တာတော့ ဟုတ်သည်။ ဘုန်းသု၀ဏ် က သူ့မိဘတွေကိုတောင် တစ်ခါတစ်လေမှ ချွဲနွဲ့တယ်။ ရိုဆန်မှုဆိုတာကလည်း ဘာလဲ မသိသော ကောင်လေး။
ကိုကို လို့ခေါ်ရင် ဗျာ လို့ ထူးစေချင်သည်။ သူ့လူနာတွေနဲ့ ဆိုရင်လည်း ကြင်ကြင်နာနာ ညင်ညင်သာသာ မပြောပဲ တည့်တိုး ပြောတာတွေသာ များသည်။
သီဟ - ကိုကို ကျွန်တော် ကယ်လီဖိုးနီးယား ကို သွားရမယ်။
သု၀ဏ် - ဘယ်လောက်ကြာမှာလဲ။
သီဟ - ၂လ!
သု၀ဏ် - ၂လတောင်လား။ ဘာလို့ အဲ့လောက်ကြာမှာလဲ။
သီဟ - နောက်ထုတ်မဲ့ ကုန်ကြမ်းတွေ စီစစ်ရမှာမို့။
သု၀ဏ် - အကြာကြီး မင်းကို လွမ်းနေရတော့မှာပဲ။
ခနက မြိန်ရေယှက်ရည် စားသောက်နေသော ကိတ်မုန့်ပန်းကန်လေးဟာ အခုတော့ ခက်ရင်းဖြင့်ထိုးဆွခြင်းကို ခံရပြီ
သီဟ - ကျွန်တော်လည်း ကိုကို နဲ့ မခွဲချင်ပါဘူး။ ဒါပေမယ့် အလုပ်ကိစ္စက အရေးကြီးတော့ မသွားမဖြစ်လို့ပါ။
သု၀ဏ် - အင်းပါ ဟိုမှာ အစစအရာရာ ဂရုစိုက်။
သီဟ - ကိုကို ထိုင်းပြန်အုံးမှာလား။
သု၀ဏ် - အင်း ပြန်မှာ နောက်ဆုံးနှစ်ကို ပြီးအောင်တတ်ရမှာပေါ့။ ပိုက်ဆံတွေက တွင်းထဲက နှိုက်ထားတာ မဟုတ်ဘူး။
သီဟ - အာဆို အိမ်မှာ နေမှာလား။
သု၀ဏ် - ငါတစ်ယောက်တည်း မနေပါဘူး။ ကျောင်းရှေ့က အဆောင်သိတယ်မလား။ အဲ့မှာ ငှားနေမလို့။
သီဟ - အစစ အရာရာ ဂရုစိုက်။ ကျွန်တော် မရှိဘူးဆိုပြီး ညဥ့်နက်တဲ့ အထိ စာတွေ မလုပ်နဲ့။
သု၀ဏ် - အင်းပါ မောင် လည်း ဂရုစိုက်နော်။
ကော်ဖီခွက်ကို လှမ်းနေတဲ့ သီဟလက်တွေ ရပ်တန့်သွားပြီး သု၀ဏ် ကို မျက်လုံးပြူးကာ ကြည့်နေမိသည်။
YOU ARE READING
Unconditional Love { Uni & Zaw } [ COMPLETED]
RomanceUni - သမီး မိန်းကလေးတွေကို ကျတော့ အဖိုးတန်တဲ့ ပန်း နဲ့ ခိုင်းနှိုင်းကြတယ်။ ဒါဆို ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်ကျတော့ရော! ကျွန်တော် ဘက်ကို တစ်ချက်လောက်ငှဲ့ကြည့်ပေးပါ။ ဆက်ပိုင်မိုးပြည့်! - ငါGay တွေကို အရမ်းမုန်းတယ်၊ ရွံ့လည်းရွံ့တယ်။ ဘာလို့ ငါအရ...
![Unconditional Love { Uni & Zaw } [ COMPLETED]](https://img.wattpad.com/cover/276977612-64-k341380.jpg)