ခြူး ခွဲခန်းက ထွက်ပြီးပြီးချင်း ကောင်တာမှာ လိုအပ်တဲ့ ဆေးတွေ ယူနေတုန်း သူနာပြုမလေး နှစ်ယောက်က Fb ပေါ်ကနေ live တစ်ခုကို ကြည့်နေကြသည်။
ခြူး - ဘာတွေကြည့်နေကြတာလဲ။
- Dr.ခြူး လန့်လိုက်တာ။
ခြူး - ဘာတွေစိတ်၀င်စားစရာ ကောင်းလို့လဲ။
- ဒီမှာကြည့် ဒေါက်တာ Marnn gp က CEO နဲ့ သူ့ကောင်လေး တဲ့
ခြူး - ဟင်
သူနာပြုမလေးတွေ ကြည့်နေတဲ့ Live ကို ခြူးပါ ၀င်ကြည့်မိသည်။
ခြူး - မာန်!
- ဟူး ယောကျာ်းလေး အချင်းချင်း ကြိုက်ကြတာလား။
- အေး ဟိုကောင်လေးက ချောချောလေး။ ငါ အစက မိန်းကလေးထင်နေတာ။
- ငါရောပဲ။ ကောင်လေးကလည်းဟာ လက်ထပ်မဲ့သူရှိနေတဲ့ အမျိုးသားကိုမှ ကြိုက်ရတယ်လို့။
- လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာဟဲ့။
ခြူး ဘေးကသူနာပြုလေးတွေရဲ့ စကားကို မကြား သူ့မျက်လုံးတွေက Screen ထက်မှာတင်!
နောက်ဆုံး မာန်ရဲ့ အပြောတွေကြောင့် ခြူး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ မာန် ထွက်သွားတာကို လိုက်ရိုက်တဲ့ အထဲမှာ ဖြတ်ခနဲ ဖေဖေ ကို တွေ့လိုက်ရတော့ ခြူး အရမ်းလန့်သွားရသည်။
ခြူး - ဖေဖေ ရော ရှိနေတာလား။
ခြူး နောက်သို့ယိုင်သွားတာမို့
- Dr အဆင်ပြေရဲ့လား ဘာဖြစ်လို့လဲ ဒေါက်တာ။
ခြူး - အင့်ဟင်း ဘာ..ဘာမှ မဖြစ်ဘူး။
သူနာပြုလေးတွေရဲ့ လက်မှ ရုန်းထွက်ကာ ခြူး ဆေးရုံထဲမှ ပြေးထွက်လာမိသည်။
- ခြူး! အချစ်!
ခြူး - ကိုကြီး!
ဆေးရုံထဲက ပြေးထွက်လာသော ဇနီးလေးကြောင့် Dr.ချစ်ကို အမြန်လှမ်းအော်ရသည်။
- ခြူး ဘာဖြစ်လို့လဲ ဘာလို့ ငိုနေတာလဲ။
ခြူး - ကိုကြီး ခြူး ကို ဖေဖေတို့ အိမ် လိုက်ပို့ပေး။ မြန်မြန် ပြည့်ပြည့်လေး ပြည့်ပြည့်လေး
YOU ARE READING
Unconditional Love { Uni & Zaw } [ COMPLETED]
Storie d'amoreUni - သမီး မိန်းကလေးတွေကို ကျတော့ အဖိုးတန်တဲ့ ပန်း နဲ့ ခိုင်းနှိုင်းကြတယ်။ ဒါဆို ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်ကျတော့ရော! ကျွန်တော် ဘက်ကို တစ်ချက်လောက်ငှဲ့ကြည့်ပေးပါ။ ဆက်ပိုင်မိုးပြည့်! - ငါGay တွေကို အရမ်းမုန်းတယ်၊ ရွံ့လည်းရွံ့တယ်။ ဘာလို့ ငါအရ...
![Unconditional Love { Uni & Zaw } [ COMPLETED]](https://img.wattpad.com/cover/276977612-64-k341380.jpg)