🏳️‍🌈13🏳️‍🌈 { Zawgyi }

516 27 0
                                    

- ကိုကို

မာန် - ပြော ဂျူး

- ကိုကို က Gay သွားတာလားဟင်

တိုက်ခန်းအထိ ဂျူးကို လိုက်ပို့ပေးပြီး ပြန်ခါနီး ဂျူး မေးသော မေးခွန်းကြောင့် စိတ်တိုမိသွားတာတော့ အမှန်!

မာန် - ဂျူးဟေသာ မင်း ဘာပြောလိုက်တယ်။

- ကိုကို က Gay သွားတာလားလို့။ ကိုကို က Gay တွေကို အရမ်းမုန်းနေတဲ့သူလေ။ ကိုကို အခု တွဲနေတဲ့ ဆက်ပိုင်မိုးပြည့်ဆိုတာ ယောကျာ်းစစ်စစ်ကြီး!

မာန် - ဘာမှ မသိပဲ ၀င်မပြောနဲ့ ဂျူး။ သူ့ကို တွဲတယ်ဆိုတာ အကြောင်းရှိလို့။

- ဘာအကြောင်းလဲ။

မာန် - မင်း တအားစပ်စုလှချည်းလား

- တစ်နေ့ ကိုကို နဲ့ လက်ထပ်ရမဲ့သူမို့ ဂျူး မေးတာ။ ကိုကို နဲ့ ဂျူး ကို မိဘတွေ သဘောတူထားတာ မမေ့ပါနဲ့။

မာန် - ကိုယ်မမေ့ဘူး ဂျူး။

အချစ်ကို ထပ်မရှာချင်တော့တာကြောင့် မေမေ တို့သဘောတူသော ဂျူး နဲ့သာ လက်ထပ်ဖို့ ကိုယ်တိုင် က ခေါင်းငြိမ့်မိခဲ့တယ်မလား။ ငယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်ရော၊ မိဘတွေက ၂ယောက်လုံး ကို ယုံကြည်တာကြောင့်ရော အေးအေးဆေးဆေး နဲ့ လွတ်လပ်ခွင့် ကို ပေးထားကြသည်။

ဟိုတစ်ခါ ဆက်ပိုင် ဟိုဟာဖြစ်တုန်းက မေမေဆီ လှမ်းမေးဖြစ်တဲ့ နေ့က ညဘက် ဖေဖေ ရဲ့ သြဇာသီးကျွေးမှု ကို တ၀ကြီး စားလိုက်ရသည်။

အကျိုးဆက်ကတော့ ဂျူးဟေသာ ကို ဒီပို့လိုက်ခြင်းပါပဲ။

မာန် - ဂျူး ကိုကို့ ကို ချစ်တယ်မလားဟင်

- ချစ်တယ်။ ကိုကို့ ကို ဂျူး ဟိုးအရင်ကတည်းက ချစ်လာတာ။

မာန် - ဒါဆို ကိုကို နဲ့ ဆက်ပိုင် အကြောင်းကို မသိသလို နေပေးပါ့လား။ နော် Please

- အကြောင်းပြချက် ပေးရင် ဂျူး လျှိုဝှက်ထားပေးမယ်။

မာန် - သူကြောင့် ကိုယ်ချစ်ရတဲ့ သူငယ်ချင်း အသည်းကွဲခဲ့ရမလို့ သူ့ကို Lesson ပေးချင်လို့ပါ။ ကိုယ် တကယ် သူ့ကို မချစ်ဘူး။ သူ့အသည်းကို ခွဲချင်လို့ တမင်တွဲတာရယ်။ ဒီလောက်ဆို လုံလောက်ပြီမလား ဂျူး

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now