🏳️‍🌈32🏳️‍🌈 { Unicode }

1.8K 79 0
                                        

အခုဆို မာန်မှာ သားဖြစ်သူကို ပွေ့ချီချင်ရင်တောင် ရဲရဲတင်းတင်း မပွေ့ချီရတော့ဘူး။ ခိုးကြောင်ခိုး၀ှက်နဲ့ သွားသွားချီရတာ

တစ်ခါတစ်လေ Honey အနား ကပ်ချင်ပြန်ရင်လည်း သားနဲ့ ရှိနေတာမို့ မေမေ့ကို အကူအညီတောင်းရတဲ့ ရက်တွေကလည်း ခပ်များများ

အော် ဘ၀ကြီးက မလွယ်ကူလိုက်တာ။

ဆက်ပိုင် - မကြာခင် သားလေး ရက်၁၀၀ ပြည့်တော့မယ်။ အဲ့နေ့ ဘုရားသွားမယ်။

မာန် - ကိုယ်ရော လိုက်ရမှာလား။

ဆက်ပိုင် - ကျွန်တော်တို့ သားအဖက ခင်ဗျား နဲ့ မသွားလို့ ဘယ်လင်ငယ်နဲ့ သွားရမှာလဲ။

- အဟွတ်! သားဆက်ပိုင်

ဆက်ပိုင် အပြောကြောင့် မာန့်မေမေ့ မှာ ကော်ဖီသီးတော့သည်။ သမက်ဖြစ်သူရဲ့ စကားကို သဘောအကြီးအကျယ် ကျလို့

မာန် - ဘယ်လင်ငယ်နဲ့မှ သွားစရာမလိုဘူး။ လင်ငယ် လည်း ထားခွင့်မပေးဘူး။ ဟောဒီက လင်က ပဲ Honey တို့ သားအဖကို အပြည့်အ၀စောင့်ရှောက်ပေးပါ။

မာန် - နေအုံး လင်ဆိုတော့ ကိုယ့်ကို Honey က

ဆက်ပိုင် - ဟိုးထား Mr.မာန်! အဲ့နေ့ တစ်ရက်ပဲ ခင်ဗျားက ကျွန်တော်လင် ဖြစ်ပြီး သားလေး နဲ့Daddy !! တစ်ရက်တည်းပဲ။

မာန် - ဟာ Honey ကလည်းကွာ။ တစ်ရက်တည်း မဟုတ်ပဲ တစ်သက်လုံး မရဘူးလား။

ဆက်ပိုင် - အတွန့်လာမတတ်နဲ့ ရတဲ့ တစ်ရက်တောင် ပါမစ်ပိတ်ချင်နေပြီလား။

မာန် - Honey တို့ ခေတ်ဆိုတော့ Honey တို့ဘာသာ ကြိုက်ရာလုပ်ကြပါ။ ကိုယ်လိုကောင် က ဘာမှ ၀င်ပြောလို့မှ မရတာ

မာန် - ပေးတာယူ ကျွေးတာစား ဘ၀နဲ့ ပျော်နေတဲ့ သူတွေတောင် ရှိတာ ကိုယ်လို အိမ်ထောင်ရေး ဖောက်ပြန်ခဲ့တဲ့ လူကလည်း အခုလို အခြေအနေမျိုးလေးနဲ့လည်း ကျေနပ်ပါတယ်လေ။

မာန် သူ့ဘာသာ ဒွာမာတွေခင်းပြီး မနက်စာ ၀ိုင်းမှ ထကာ အပေါ်ထပ်ကို တတ်သွားလေသည်။

- သားဆက်ပိုင်

ဆက်ပိုင် - ဗျာ အမေ

- သားတို့ ပြန်အဆင်ပြေလို့ မရတော့ဘူးလား။ ဒီအတိုင်းပဲ သွားတော့မှာလား။

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now