🏳️‍🌈5🏳️‍🌈 { Unicode }

1.7K 103 2
                                        

- ဟယ် ဟယ် Satt က ဒီပုံစံလေးနဲ့လည်း ချောတယ်ဟ!!

- N' Line အပ်လို့ ရလား။

ကျောင်း၀န်းထဲ ခြေချလိုက်တာနဲ့ ဆက်ပိုင် ကို မျက်လုံးကျွတ်ကျမတတ် လိုက်ကြည့်သူက ကြည့် ပေါ်ပေါ်တင်တင် Line Acc တောင်းသူက တောင်းနဲ့။

အတင်းကို Line acc တောင်းနေသူကြောင့် မာန် စိတ်မရှည်ချင်တော့ပေ။ ဆက်ပိုင် ရဲ့ ပခုံးကို ဖက်လိုက်ပြီး

မာန် - ဒီမှာ ကိုယ့်လူ! ကျွန်တော့် ညီက ဒီကို ပညာသင်ဖို့ လာတာ။ ပြီးတော့ သူ ယောကျာ်းလေးတွေကို စိတ်မ၀င်စားဘူး။ အဲ့တော့ လစ်လိုက်တော့။

- ဟက်! ဘာလဲ မင်းဂျေ၀င်နေတာလား။

မာန် - ဘာ!!!

သု၀ဏ် - ဒီက ညီလေး တို့  အတန်းချိန် စတော့မှာမို့ ကိုယ်တို့ ညီလေး ကို မနှောင့်ယှက်ပါနဲ့။ မာန် စိတ်လျှော့ ငါတို့ သွားရအောင်

မာန် ရဲ့ ဒေါသကို ရိပ်စားမိတာမို့ သု၀ဏ် ကြားဖြတ်ကာ ၀င်ပြောလိုက်ရသည်။ မဟုတ်ရင် ထိုနေရာမှာ သတ်ပွဲ တွေ ဖြစ်ကုန်မှ ကြည့်လှ!

ဆက်ပိုင် - ကိုကြီးမာန် စိတ်လျှော့ပါ

မာန် - တောက်စ်!

ဆက်ပိုင် ကို ဖက်ထားရာမှ လွှတ်ကာ မာန် ကိုယ့်အတန်းဘက် ကိုယ်  ထွက်သွားတော့သည်။

သု၀ဏ် ကလည်း ဆက်ပိုင် လက်ကို ဆွဲကာ ထိုနေရာမှ အမြန်ထွက်လာခဲ့သည်။ သူတို့ မသိလိုက်တာက ဆက်ပိုင် နဲ့ မာန် နဲ့ကို တစ်ချို့ ကျောင်းသူ၊ ကျောင်းသားတွေက Ship နေကြတယ် ဆိုတာကို!!!
%
%
%
- Satt! မင်းက ဓာတ်ပုံထဲမှာ အရမ်းချောတယ်ကွာ။

ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်ပြီး အားလုံးက ဆက်ပိုင် ကို ချီးကျူးနေကြသည်။

ဆက်ပိုင် - မဟုတ်တာ ကျွန်တော်က ဒီအတိုင်းပါပဲ ဗျာ။

- Satt မင်းသရုပ်ဆောင်တာလည်း မဆိုးဘူး။ တကယ် သဘာ၀ ကျတယ်။

- ဟုတ်တယ် ဟုတ်တယ်။ P'Non သေသွားတဲ့ အခန်းမှာ ဖက်ပြီး ငိုတာ တကယ်အသက်၀င်တယ်။

- အခုလို P' တို့နဲ့ ပူးပေါင်းပါ၀င်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်နော်။

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now