စာသင်ခန်းထဲ ရောက်တာနဲ့ စသုံးလုံးတွေ ရဲ့ စပ်စုချင်းကို ဆက်ပိုင်မှာ အလူးအလိမ့် ခံရသည်။
ဆက်ပိုင် - ဟို အစ်ကိုအကြီးဆုံးပါ။
- အစ်ကို လား။ ရုပ်မဆင်ဘူးနော်။
ဆက်ပိုင် - အင်း ဟုတ်တယ်။
- ဟေး N'
အတန်းထဲကို ၀င်လာသော အနုပညာမေဂျာက စီနီယာ အစ်ကိုတွေ အစ်မတွေ
ထိုင်းယဥ်းကျေးမှုအတိုင်း လက်အုပ်လေးချီကာ ဂါရ၀ပြုလိုက်ပြီး
ဆက်ပိုင် - အစ်ကို တို့ ဘာပြောစရာရှိလို့လဲ။
- အစ်ကိုတို့ ဌာန အတွက် ညီ့ကို မော်ဒယ်လ် ငှားချင်လို့။
ဆက်ပိုင် - မော်ဒယ်လ်!
- ဟုတ်တယ် မောင်လေး။ အစ်မတို့ကျောင်းက မကြာခင် ပြုလုပ်မဲ့ Short Film ပြိုင်ပွဲ အတွက် မော်ဒယ်လ် မရှိဘူး ဖြစ်နေတာ။ အဲ့တာ မောင်လေးများ ကူညီနိုင်မလားလို့။
ဆက်ပိုင် - ကျွန်တော် ငြင်းလို့ရလား။
- အိုး! ဘာလို့ ငြင်းမှာလဲ။ Satt က ဒီလောက်ပြည့်စုံ ချောမောနေတာကို။ ကံကောင်းရင် GMM တို့ ဘာတို့ကပါ လာကမ်းလှမ်း နိုင်တဲ့ အခွင့်အရေးကြီးကို
- ဖြစ်နိုင်ရင် မငြင်းပါနဲ့ လား N' ကိုယ်တို့ ရှာ နေတဲ့ မော်ဒယ်လ်ပုံစံ က မင်း နဲ့ ကွက်တိဖြစ်နေလို့။
ဆက်ပိုင် - ကျွန်တော့်ကို စဥ်းစားဖို့ အချိန်လေး ၁ရက်လောက် ပေးပါလား။ ကျွန်တော့် မမ ကို တိုင်ပင်ပြီးမှ ပြန်ပြောမယ်လေ။
- ရတယ် N' အမ် ဒီလကုန် ရင် စမှာ ဆိုတော့ သိပ် အချိန်မဆွဲ နဲ့နော် N'
ဆက်ပိုင် - ဟုတ်ကဲ့ပါ P'တို့!
ထိုအစ်ကိုတွေ အစ်မတွေ ထွက်သွားမှ ဆက်ပိုင် အသက်ရှူချောင်သွားရသည်။ အတန်းချိန်တွေ တစ်ချိန်ပြီး တစ်ချိန် ကုန်ဆုံးလို့ နေ့လည်စာ စားချိန် ကိုတောင် ရောက်လာခဲ့ပြီ။ လွယ်အိတ်ထဲ စာအုပ်တွေ သိမ်းကျုံးထည့်ကာ ကန်တင်းဘက်ကို ထွက်လာလိုက်သည်။
ကန်တင်းရောက်တော့ လူတောင်စုံနေပြီ။ တော်သေးတာ တစ်ခုက သီဟက ကျွန်တော့်အတွက် နေ့လည်စာ မှာထားပေးသည်။
YOU ARE READING
Unconditional Love { Uni & Zaw } [ COMPLETED]
Roman d'amourUni - သမီး မိန်းကလေးတွေကို ကျတော့ အဖိုးတန်တဲ့ ပန်း နဲ့ ခိုင်းနှိုင်းကြတယ်။ ဒါဆို ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်ကျတော့ရော! ကျွန်တော် ဘက်ကို တစ်ချက်လောက်ငှဲ့ကြည့်ပေးပါ။ ဆက်ပိုင်မိုးပြည့်! - ငါGay တွေကို အရမ်းမုန်းတယ်၊ ရွံ့လည်းရွံ့တယ်။ ဘာလို့ ငါအရ...
![Unconditional Love { Uni & Zaw } [ COMPLETED]](https://img.wattpad.com/cover/276977612-64-k341380.jpg)