မာန် ကတော့ သူနဲ့ ဆက်ပိုင်အကြောင်းကို သတင်းစာထဲ ထည့်ကာ ကြော်ငြာပစ်လိုက်သည်။
- မာန် က လက်ထပ်လိုက်ပြီ။ ဟိုကောင်လေးနဲ့
- ရှင်! ဖေဖေ တကယ်ကြီးလား။
- တကယ်သမီး! သတင်းစာထဲမှာတောင် ပါလာပြီ။
- မဟုတ်ဘူး။ ကိုကို က ဘာလို့ အဲ့Gay ကောင်ကို ယူမှာလဲ။ မဖြစ်သင့်ဘူး။
မနက်စာ၀ိုင်းတွင် ဂျူးဟေသာ သူ့အဖေပြောသော အကြောင်းကို ကြားပြီး ပေါက်ကွဲတော့သည်။
- မမဆွေ မင်္ဂလာပွဲ ဖျက်သိမ်းချင်တာ မဆန်းပါဘူး။ သူ့သားက Gay နေတာကို အဟက်!
- ကိုကိုက မGayဘူး မေမေ။ ဟိုအကောင်က ကိုကို့ကို လုပ်ကြံတာ။
- တော်တော့ ဂျူးဟေသာ။ အဲ့ ဘာမဟုတ်တဲ့ Gay ကောင်ကို စွဲလန်းမနေနဲ့တော့။ ရွံ့စရာကောင်းသော အကောင်တွေ!
- မေမေ!!
- သမီးဂျူး! ကိုယ့်အမေကို ဘယ်လို အော်လိုက်တာလဲ။ သမီးအမေပြောတာ မှန်တယ်။
- အစ်ကို ဒါသက်တို့ကို သက်သက်ကြောတာ။ သက် ကတော့ လုံး၀မကျေနပ်ဘူး။
- မကျေနပ်တော့ သက်က ဘာလုပ်ချင်လို့လဲ။
- သူတို့ကို သင်ခန်းစာပေးချင်တယ်။ သက် ရဲ့ သမီးလေး ခံစားရသလို ပြန်ခံစားစေချင်တယ်။
ဦးခင်မောင်စိုး ကတော့ မိန်းမဖြစ်သူ အပြောကို ဘ၀င်မကျပေ။
- သက် လူငယ်ကိစ္စတွေနဲ့ ရောပြီး လူကြီးကိစ္စတွေ မပါလာစေနဲ့။ ကိုယ် အလုပ်သွားတော့မယ်။
ဦးခင်မောင်စိုး မိန်းမဖြစ်သူ သက်မွန်စိုး ကို ကြိမ်းကာ အလုပ်ကို ထွက်လာခဲ့သည်။
ထွက်သွားသော ခင်ပွန်းဖြစ်သူရဲ့ ကျောပြင်ကို ကြည့်ကာ ဒေါ်သက်မွန်စိုး မဲ့ပြုံးပြုံးလိုက်သည်။
- မေမေ! ဖေဖေ က ဘာစကားပြောသွားတာလဲ။
- ဘာမှ မဟုတ်ဘူး။ မသိချင်နဲ့။
အမေဖြစ်သူကပါ ထွက်သွားတော့ ဂျူးလည်း မနက်စာမစားတော့ပဲ အလုပ်ကို ထွက်လာလိုက်သည်။
%
%
%
- ဘုန်းသု၀ဏ်!
YOU ARE READING
Unconditional Love { Uni & Zaw } [ COMPLETED]
RomanceUni - သမီး မိန်းကလေးတွေကို ကျတော့ အဖိုးတန်တဲ့ ပန်း နဲ့ ခိုင်းနှိုင်းကြတယ်။ ဒါဆို ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်ကျတော့ရော! ကျွန်တော် ဘက်ကို တစ်ချက်လောက်ငှဲ့ကြည့်ပေးပါ။ ဆက်ပိုင်မိုးပြည့်! - ငါGay တွေကို အရမ်းမုန်းတယ်၊ ရွံ့လည်းရွံ့တယ်။ ဘာလို့ ငါအရ...
![Unconditional Love { Uni & Zaw } [ COMPLETED]](https://img.wattpad.com/cover/276977612-64-k341380.jpg)