မာန် - ဆက်ပိုင် ကိုယ် ပြောစရာရှိလို့။
ဆက်ပိုင် - ဟုတ်ကဲ့ ကိုကြီးမာန် ပြောလေ။
ဆက်ပိုင် ဆွဲလက်စ ဒီဇိုင်းတွေကို ခနရပ်ကာ မာန်ပြောလာမဲ့ အကြောင်း ကို ဂရုတစိုက် နားထောင်နေသည်။
မာန် - ကိုယ် မင်း ကို မော်ဒယ်လ် အဖြစ်ငှားချင်လို့။ ကိုယ် တို့ ကုပ္မဏီ က အသစ်ထွက်မဲ့ မိတ်ကပ် အတွက်။ အဲ့တာ ဆက်ပိုင် ဘယ်လို သဘောရလဲ။
ဆက်ပိုင် - ကျွန်တော်လုပ်ပေးပါမယ်။ ဒါပေမယ့် အခုရက်ပိုင်း က စာမေးပွဲပါ ရှိနေတော့ အဆင်မပြေလောက်ဘူး ထင်တယ်။ စာမေးပွဲ ပြီးမှ ရမလား။
မာန် - ရတယ် ဆက်ပိုင်။ ကိုယ် လည်း စာမေးပွဲ အတွက် စာကြည့်ရမှာ ဆိုတော့ အဲ့ဘက်ကို အခြေအနေ မပေးနိုင်ဘူး။
ဆက်ပိုင် - ကိုကြီးမာန် အသက်က ၂၇ တောင် ရှိပြီ အခုထိ ကျောင်းတတ်၊ စာကျက်နေတာ မပျင်းဘူးလားဟင်။
မာန် - မပျင်းဘူး။ ကိုယ်က အကျွမ်းကျင်ဆုံး စီးပွားရေး ပညာရှင် ဖြစ်ချင်တာလေ။ အဲ့တော့ နိုင်ငံတကာ ပတ်ပြီး ပညာသင်ယူရတာပေါ့။
ဆက်ပိုင် - ကိုကြီးမာန် ကို အားကျလိုက်တာ။ ကျွန်တော် က စာကြည့်ရမှာ အရမ်းပျင်း။ ဟီး!
သူ့ဘာသာပြောပြီး သူ့ဘာသာ တွေ ကျနေသော ဆက်ပိုင် ကြောင့် ကျွန်တော် ပါ ပြုံးလိုက်မိသည်။
ဟိုနေ့က ညစာစားပွဲ ပြီးကတည်း က သူတို့ နှစ်ယောက် စကားမပြောဖြစ်ကြခဲ့။ ဘာရယ်မဟုတ် ဒီကောင်လေး အသံ မကြားရရင်ကို ကျွန်တော် မနေတတ် မထိုင်တတ်တွေ ဖြစ်ဖြစ်လာတယ်။
အခုတလော အရမ်းကို အောင်မြင်နေတဲ့ သူလေးကြောင့် စိတ်ထဲမှာလည်း သဘောမကျသလို။ ဘာကို စိုးရိမ်နေမှန်း လည်း မသိ။ ဟိုတလောက ဘာရယ်မဟုတ် FB ပေါ် တတ်ကြည့်ပါတယ် သူနဲ့ ကျွန်တော့်ကို Ship ထားတဲ့ Page ၃ ခုလောက် ရှိတယ်။ ၃ခုလုံး Report ထုလိုက်တာ ပျက်ကုန်ရော။ နားအေးတယ်။ မဟုတ်ရင် စီးပွားရေး လောကမှာ ပြောစရာ တစ်ခု ဖြစ်လာမည်။
တီ တီ တီ
အတွေးလွန်နေတဲ့ ကျွန်တော့် အတွေးတွေဟာ သူလေး ဖုန်းသံကြောင့် သတိ၀င်လာရသည်။ ဖုန်း Screen ကို ကြည့်လိုက်တော့ ကိုကြီးမှိုင်းတဲ့။
YOU ARE READING
Unconditional Love { Uni & Zaw } [ COMPLETED]
Roman d'amourUni - သမီး မိန်းကလေးတွေကို ကျတော့ အဖိုးတန်တဲ့ ပန်း နဲ့ ခိုင်းနှိုင်းကြတယ်။ ဒါဆို ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်ကျတော့ရော! ကျွန်တော် ဘက်ကို တစ်ချက်လောက်ငှဲ့ကြည့်ပေးပါ။ ဆက်ပိုင်မိုးပြည့်! - ငါGay တွေကို အရမ်းမုန်းတယ်၊ ရွံ့လည်းရွံ့တယ်။ ဘာလို့ ငါအရ...
![Unconditional Love { Uni & Zaw } [ COMPLETED]](https://img.wattpad.com/cover/276977612-64-k341380.jpg)