-Boss မခြူးယမုံသိမ့် က တွေ့ခွင်တောင်းနေပါတယ်။
မာန် - ခြူး! ၀င်လာခိုင်းလိုက်။
တစ်နေ့နေ့တော့ မျက်နှာချင်းဆိုင်ရမယ်ဆိုတာ သိပေမယ့် အခုလို မြန်မြန်ကြီး ဖြစ်မယ်လို့ မထင်ထားဘူး။
ခြူး လာတာလည်း Vd ကိစ္စပဲနေမှာ။
မာန် - ထိုင်လေ ခြူး
မျက်နှာထားတင်းတင်းဖြင့် အခန်းထဲ ၀င်လာသော ခြူး ကို မာန် လောကွတ်ပြုလိုက်သည်။
ခြူး - မာန် မနေ့က ကိစ္စကို နင်နဲ့ လာရှင်းတာ။
မာန် အတွင်းရေးမှူး လာချပေးသွားသော ကော်ဖီခွက်ကိုသာ တစိုက်မတ်မတ် ကြည့်နေမိသည်။
ခြူး - မနေ့က Vd ကိစ္စ နင် ပြန်ရှင်းပေးပါ။ နင် ၂နှစ်နီးပါး ပြည့်ပြည့်လေးနဲ့ လက်ပွန်းတသီး နေလာတာ ပြည့်ပြည့်လေး ရဲ့ ကိုယ်ကျင့်တရားကို နင်သိမှာပါ။
ခြူး - ပြည့်ပြည့်လေး အခု ဆေးရုံတင်ထားရတယ်။
မာန် - ဟင် ဘယ်လိုဖြစ်လို့လဲ။
ဒီတစ်ခါတော့ မာန် ဟန်မဆောင်နိုင်အောင် မေးမိသွားသည်။
ခြူး - မနေ့က နင်တို့ဖြစ်တဲ့ ကိစ္စကို အစအဆုံး ဖေဖေ မြင်သွားတယ်။ ဖေဖေ လည်း ဒေါသထွက်လွန်းလို့ စိတ်မထိန်းနိုင်ပဲ ပြည့်ပြည့်လေး ကို ဂေါက်တံနဲ့ ရိုက်လိုက်မိတယ်။ ငါသာ အရောက်မမြန်ရင် ပြည့်ပြည့်လေး မနေ့ကတည်းက သေသွားပြီ
ခြူး - အခု ပြည့်ပြည့်လေးကို တော်တော်များများ က ပြောထားကြတယ်။ ပြည့်ပြည့်လေး ရဲ့ ဖြူစင်မှုကို နင် ပြန်လုပ်ပေးပါ။
ခြူး - မာန် ငါတောင်းဆိုပါတယ်။ ဒူးထောက်ပြီးတော့ကို တောင်းဆိုပါတယ်။
ဆိုဖာခုံပေါ်မှ ဆင်းကာ မာန်ရှေ့ ဒူးထောက်လိုက်သော ခြူးကြောင့်
မာန် - ခြူး! ထ ထပါဟာ! ငါ ဆက်ပိုင် အတွက် အမှန်တရားကို ပြန်ရှာပေးပါမယ်။
မာန် ! ခြူး ကို ဆွဲထူပြီး ဆိုဖာခုံပေါ်မှာ ပြန်ထိုင်ခိုင်းလိုက်သည်။
မာန် - အရာရာ အတွက် ငါတောင်းပန်ပါတယ်။ ငါရဲ့ အတ္တကို ရှေ့တန်းတင်ပြီး ဆက်ပိုင်ကို ငါအသုံးချခဲ့မိတယ်။ ခြူး နင် စိတ်ချပါ ငါ သတင်းစာရှင်းလင်းပွဲ လုပ်ပေးပါမယ်။
YOU ARE READING
Unconditional Love { Uni & Zaw } [ COMPLETED]
RomanceUni - သမီး မိန်းကလေးတွေကို ကျတော့ အဖိုးတန်တဲ့ ပန်း နဲ့ ခိုင်းနှိုင်းကြတယ်။ ဒါဆို ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်ကျတော့ရော! ကျွန်တော် ဘက်ကို တစ်ချက်လောက်ငှဲ့ကြည့်ပေးပါ။ ဆက်ပိုင်မိုးပြည့်! - ငါGay တွေကို အရမ်းမုန်းတယ်၊ ရွံ့လည်းရွံ့တယ်။ ဘာလို့ ငါအရ...
![Unconditional Love { Uni & Zaw } [ COMPLETED]](https://img.wattpad.com/cover/276977612-64-k341380.jpg)