မာန် - ခြူး
ခြူး - ပြောလေ မာန်
မာန် - နင့်မောင် နဲ့ ကောင်လေး တစ်ယောက်လေ
ခြူး - အင်း ဘာဖြစ်လဲ
မာန် - နမ်းနေတာ တွေ့လိုက်တယ်။
ခြူး - ဘာ! မာန် နင် မဟုတ်တာ မပြောနဲ့။
မာန် - ငါအတည်ပြောတာ။ မယုံရင် သုဝဏ် ကို မေးကြည့်။ ဟျောင့် သုဝဏ် ဟုတ်တယ်မလား။
ဘေးနားမှာ အသက်မရှိသူလို ထိုင်နေသော သုဝဏ် ကို တံတောင်နဲ့ တို့တာတောင် သုဝဏ် တို့က သတိဝင်မလာချေ!
မာန် - သုဝဏ်! ဘုန်းသုဝဏ်!!!
သုဝဏ် - ဟင် ဘာ!ဘာလဲ!!
ခြူး - မာန်ပြောတာ တကယ်လား။
သုဝဏ် - အင်း! ပြည့်ပြည့်လေးကို အဲ့ကောင်လေးက ပါးနမ်းလိုက်တာ။
ခြူး - တောက်စ်!
မာန် - ငါပြောတယ် မလား။ သူကြီးလာရင် Gay ဖြစ်မှာဆိုတာ
ခြူး - နင့် ပါးစပ်ကို ပိတ်!
ခြူး ဒေါသတကြီးဖြင့် အတန်းထဲက ထွက်သွားသည်။ ကျောင်းဝန်း တစ်ခွင်ပတ်ကာ သူ့မောင်ငယ်လေးကို အရူးသဖွယ် လိုက်ရှာနေသော ခြူးယမုံသိမ့်!
ခြူး - ပြည့်ပြည့်! ပြည့်ပြည့်!! မောင်လေး!
ဆက်ပိုင်လေး ပျောက်နေတာမို့ ကျောင်းက ဆရာ/ ဆရာမတွေကပါ ဝိုင်းရှာပေးကြသည်။
နောက်ဆုံး ကျောင်းရဲ့ အနောက်ဘက် အဆောင်ပျက်ကြီးထဲမှာ ရှာတွေ့ တော့သည်။
ခြူး - ပြည့်ပြည့်!
ဆက်ပိုင် - မမ!!
ငိုထားလွန်းလို့ မျက်လုံးတွေက နီရဲနေသည်။
ခြူး - ပြည့်ပြည့် မငိုနဲ့တော့နော်။ မမ က ပြည့်ပြည့်ကို ကာကွယ်ပေးမယ်နော်။
ဆက်ပိုင် - သားရှက်တယ် မမ။ ဖေဖေ နဲ့ မေမေ သာ သိသွားရင် သားကို ရိုက်လိမ့်မယ်။ သားကြောက်တယ်။
ခြူး - မမ က ကာကွယ်ပေးမှာ။ မမကို ယုံတယ်မလားဟင်!
ဆက်ပိုင် - ဟုတ်!
ခြူး - ဒါဆို ထ မမတို့ အိမ်ပြန်ကြမယ်။
ဆက်ပိုင် - ဟုတ် မမ။
YOU ARE READING
Unconditional Love { Uni & Zaw } [ COMPLETED]
Roman d'amourUni - သမီး မိန်းကလေးတွေကို ကျတော့ အဖိုးတန်တဲ့ ပန်း နဲ့ ခိုင်းနှိုင်းကြတယ်။ ဒါဆို ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်ကျတော့ရော! ကျွန်တော် ဘက်ကို တစ်ချက်လောက်ငှဲ့ကြည့်ပေးပါ။ ဆက်ပိုင်မိုးပြည့်! - ငါGay တွေကို အရမ်းမုန်းတယ်၊ ရွံ့လည်းရွံ့တယ်။ ဘာလို့ ငါအရ...