ဆက်ပိုင်ရော သားလေးရော ဆေးရုံက ဆင်းပြီး နောက်ရက် မာန် လည်း အမှုကိစ္စကို စတင်ဆောင်ရွက်တော့သည်။
နောက်ဆုံးတော့ နိုင်သိန်းကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅နှစ် ချမှတ်လိုက်ကြသည်။
ဆက်ပိုင် ရော မာန် ရော အဲ့ကစပြီး အလုပ်တွေကိုလျှော့လုပ်လာသလို သားလေး အတွက်လည်း အချိန်ပေးလာကြသည်။
သားလေးကို မျက်စိအောက်ကနေကို အပျောက်မခံ။ ဆက်ပိုင် နဲ့ မာန် လည်း အခုဆို တစ်ခန်းတည်း အတူတူ နေကြပြီ။ သူတို့တွေ ငြိမ်းချမ်းရေး ယူလိုက်ကြပြီလေ။
မာန် - Honey သားအဖော်ရအောင် ကိုယ်တို့ ကလေးတစ်ယောက်လောက် မွေးစားရအောင်လေ။
ဆက်ပိုင် - မမွေးစားဘူး ကိုကို။ ကျွန်တော်သား အဖော်ရဖို့ အတွက် ကျန်တဲ့ ကလေးတစ်ယောက်ကို တကယ်မချစ်ပဲ မမွေးစားချင်ဘူး။
မာန် - အင်းပါ ကိုယ်က သားလေး အဖော်မရှိမှာ ဆိုးလို့ပါ။
ဆက်ပိုင် - မမ ရဲ့ သားရှိနေတာပဲ။
မာန် - ခြူး တို့က ဖြင့် နောက်လထဲ ပါရဂူဘွဲ့ယူဖို့ ကျောင်းသွားတတ်တော့မှာကို။
ဆက်ပိုင် - ဟုတ်သားပဲ။ မမတို့ သွားရင် ဖေဖေ နဲ့ မေမေ ပဲ အိမ်ကြီးမှာ ကျန်ခဲ့တော့မယ်။
သားလေးကို ချော့သိပ်နေသော ဆက်ပိုင်မှာ မျက်နှာလေး မသာမယာ ဖြစ်သွားသည်။
မာန် - စိတ်မပူပါနဲ့။ ကိုယ်တို့ စနေ တနင်္ဂနွေ သွားလည်လို့ ရနေတာပဲ မဟုတ်ဘူးလား။
ဆက်ပိုင် - ဟုတ်!
မာန် - ညဥ့်နက်နေပြီ အိပ်တော့။
ဆက်ပိုင် - ကိုကို ကရော
မာန် - ကိုယ် လက်စသတ်လိုက်အုံးမယ်။ သားလေးနဲ့ အရင်အိပ်နှင့်ကြ။
ဆက်ပိုင် - ဟုတ် ဒါဆို ကျွန်တော် အိပ်ပြီ။ Good night ကိုကို
မာန် - Good night Honey!
ဆက်ပိုင်လည်း မာန့်ကို နှုတ်ဆက်ပြီး သားလေးကို ဖက်ကာ အိပ်ပျော်အောင် အိပ်လိုက်သည်။
မာန် အလုပ်တွေ ပြီးလို့ နာရီကြည့်လိုက်တော့ မနက် ၁နာရီ ထိုးတော့မယ်။
YOU ARE READING
Unconditional Love { Uni & Zaw } [ COMPLETED]
Любовные романыUni - သမီး မိန်းကလေးတွေကို ကျတော့ အဖိုးတန်တဲ့ ပန်း နဲ့ ခိုင်းနှိုင်းကြတယ်။ ဒါဆို ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်ကျတော့ရော! ကျွန်တော် ဘက်ကို တစ်ချက်လောက်ငှဲ့ကြည့်ပေးပါ။ ဆက်ပိုင်မိုးပြည့်! - ငါGay တွေကို အရမ်းမုန်းတယ်၊ ရွံ့လည်းရွံ့တယ်။ ဘာလို့ ငါအရ...
![Unconditional Love { Uni & Zaw } [ COMPLETED]](https://img.wattpad.com/cover/276977612-64-k341380.jpg)