စားပွဲခုံပေါ်က မင်္ဂလာဆောင် ဖိတ်စာ ကို ကြည့်ကာ မာန် ငိုင်နေမိသည်။
သု၀ဏ် - မာန် လိုက်မှာလား
မာန် - ခြူး က တကယ်ကြီး မင်္ဂလာဆောင်တော့မှာပေါ့။
သု၀ဏ် - မင်း လည်း မြင်နေတာပဲ။ ခြူး က ဆရာ့ကို အရမ်းချစ်သလို ဆရာ ကလည်း ခြူး ကို အရမ်းချစ်တယ်။
မာန် - သု၀ဏ်! ငါ လေ ခြူး ကိုအရမ်းချစ်တာ။ ငါ အကြိမ်ကြိမ် ဖွင့်ပြောခဲ့ပေမယ့် သူ ငါ့ကို ငြင်းခဲ့တယ်။ အဲ့တာ ဆက်ပိုင်ကြောင့်
သု၀ဏ် - မာန်!! ဘာလို့ ပြည့်ပြည့်လေး ကြောင့် ဖြစ်ရတာလဲ။ ပြည့်ပြည့်လေး က ဘာအပြစ်ရှိလို့လဲ။
မာန် - ဘာအပြစ် ရှိလို့လဲ ဟုတ်လား။ သူက Gay လေနေလို့။ Gay အရမ်းမုန်းတဲ့ ငါကို ခြူး က ဘာပြောတယ်ထင်လဲ။ သူ့မောင် ရဲ့ ဖြစ်တည်မှုကို လက်ခံနိုင်ရင် ငါ့အချစ် ကို လက်ခံမယ်တဲ့။ ငါ ယောက်ဖ က Gay ဆိုတာ ငါ လက်မခံနိုင်ဘူး။
သု၀ဏ် -အရူး!! မင်း ဘာသာ Gay မုန်းတာ ပြည့်ပြည့်လေး နဲ့ မဆိုင်ဘူး။ ငါ လည်း ခြူး နေရာမှာ အဲ့အတိုင်း ပြောမှာပဲ။
မာန် - အဲ့တော့ ငါ မှားတယ်လို့ မင်းက ဆိုချင်တာလား။
သု၀ဏ် - အေး! မင်း မှားတာပေါ့။
မာန် - သွားမယ်။ မြန်မာ ကို ပြန်မယ်။
ရုတ်တရက်ကြီး ကောက်ခါငင်ခါ ပြန်မယ် လုပ်နေသူကြောင့် သု၀ဏ် ကြောင်သွားရသည်။
သု၀ဏ် - ဟျောင့် ချက်ချင်းကြီး
မာန် - အေး ငါ ပြန်မှ ဖြစ်တော့မယ်။
မာန် သူ့အတွင်းရေးမှူးကို လေယာဥ်လက်မှတ် ဖြတ်ခိုင်းလိုက်ပြီး လေဆိပ်ကို ထွက်လာလိုက်သည်။
ရုတ်တရက် ဆန်တဲ့ အဖြစ်အပျက်ကြောင့် သု၀ဏ် မာန့် ကို တားမရခဲ့။
သု၀ဏ် - ဘာပြဿနာ မှ မရှာပါနဲ့ မာန် ရာ!!
မာန်! ခြူး ကို ဘယ်လောက်ထိ ချစ်လဲ ဆိုတာ သူတို့ အသိ။ ခြူး မင်္ဂလာပွဲ ပျက်အောင် မာန် လုပ်လောက်သည်။
သု၀ဏ် ဖုန်းထုတ်ကာ ဆောင်းဆီ ဖုန်းဆက် အကြောင်းကြားထားရသည်။ မဟုတ်ရင် တစ်ဖက်နဲ့ တစ်ဖက် မျက်နှာပျက်စရာတွေ ဖြစ်ကုန်မှ ကြည့်လှ!!
YOU ARE READING
Unconditional Love { Uni & Zaw } [ COMPLETED]
RomansUni - သမီး မိန်းကလေးတွေကို ကျတော့ အဖိုးတန်တဲ့ ပန်း နဲ့ ခိုင်းနှိုင်းကြတယ်။ ဒါဆို ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်ကျတော့ရော! ကျွန်တော် ဘက်ကို တစ်ချက်လောက်ငှဲ့ကြည့်ပေးပါ။ ဆက်ပိုင်မိုးပြည့်! - ငါGay တွေကို အရမ်းမုန်းတယ်၊ ရွံ့လည်းရွံ့တယ်။ ဘာလို့ ငါအရ...
![Unconditional Love { Uni & Zaw } [ COMPLETED]](https://img.wattpad.com/cover/276977612-64-k341380.jpg)