🏳️‍🌈29🏳️‍🌈 { Unicode }

1.7K 89 6
                                    

ဆက်ပိုင် - အင်း! ဟင်း ကလေး! ကလေး!

မာန် - Honey!! Honey!!

ခြူးတို့ အားလုံး ကို အိမ်ပြန်နားခိုင်းပြီး မာန်တစ်ယောက်သာ ဆက်ပိုင် ကို လူနာစောင့် လုပ်ပေးနေသည်။

ဆက်ပိုင် ရဲ့ နဖူးလေးပေါ် ၀ဲကျနေသော ဆံနွယ်လေးတွေကို သပ်တင်ပေးနေတုန်း ညီးသံလေးနဲ့  အတူ နိုးလာသော ဆက်ပိုင်

မာန် ထိုင်နေရာမှ ထကာ ကုတင်ဘေးက ခလုတ်လေးကို နှိပ်ကာ

မာန် - VIP Room No 603 က လူနာ သတိရလာလို့ပါ။

မာန် အကြောင်းကြားပြီး ဘယ်လောက်မှ မကြာ ဆရာ၀န်ကြီး နဲ့အတူ ဆရာ၀န်၂ယောက်နဲ့ သူနာပြုမလေး ၃ယောက်  ၀င်လာသည်။

ကျွန်တော်သတိရခြင်း နားထဲ ကြားလိုက်ရတဲ့ အသံ! မဟုတ်လောက်ပါဘူး ဆိုပြီး မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တော့ သူမှ သူအစစ်!

သူ က ဘာလာလုပ်တာလဲ။ ကျွန်တော့် နဲ့ ကလေး ကို ခွဲမလို့လား။ အင့်ဟင်း သူအဲ့လောက်ထိတော့ မရက်စက်ဘူးမလား။

ဆရာ၀န်ကြီး မေးနေသော မေးခွန်းတွေကိုလည်း မကြားဘူး။ ဘေးနားမှာ ရပ်နေသူကိုသာ ကြောင်ကြည့်နေမိသည်။

- အကုန်ကောင်းတယ်။ တော်သေးတာပေါ့ ၂ရက်အတွင်း သတိပြန်ရလာလို့!

ဆက်ပိုင် - Dr. ကျွန်တော့် ကလေးရော

- အော် ကလေးက ကလေးဆောင်မှာ။ ခနနေ ဆရာမတစ်ယောက်ကို လာပို့ခိုင်းလိုက်မယ်။

ဆက်ပိုင် - Thank!!

- ရပါတယ်။ ကဲ ဆရာသွားပြီး

ဆရာ၀န်တွေ အကုန်ထွက်သွားတော့မှ

ဆက်ပိုင် - ခင်ဗျား ဘာလာလုပ်တာလဲ။

မာန် - ကိုယ် ကိုယ်

ဆက်ပိုင် - ပြန်တော့ ခင်ဗျား မျက်နှာကို မမြင်ချင်ဘူး။ အသံကို လည်း မကြားချင်ဘူး။

မာန် - ကိုယ် လုပ်ခဲ့တဲ့ အရာရာ အတွက် တောင်းပန်ပါတယ် Honey! ကိုယ့်ကို နောက်တစ်ကြိမ် အခွင့်အရေး ပေးလို့ ရမလား ဟင်။

ဆက်ပိုင် - အဟက်  ခင်ဗျားမှာ မယားငုတ်တုပ်ကြီး ရှိနေတာကို ဘာတွေ ထပ်လိုချင်နေသေးတာလဲ။

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now