🏳️‍🌈6🏳️‍🌈 { Unicode }

1.6K 91 0
                                        

ဒီနေ့  တက္ကသိုလ် ၅ခု နဲ့ Short Movie ပြိုင်ပွဲကြီး စတင်သော နေ့။ ထိုနေ့မှာ အချို့ ရုပ်သံလှိုင်း က လူတွေလည်း လာကြည့်ကြသည်။

ပြိုင်ပွဲ၀င်ပြိုင်ကြတဲ့ အဖွဲ့အပြင် Movie ထဲမှာ ပါတဲ့ လူအားလုံးလည်း တတ်ရောက်ကြသည်။ Live ထုတ်လွှတ်တဲ့ ပွဲမို့လို့  ပွဲ မလာနိုင်သူတွေက Internet ပေါ်ကနေ ကြည့်ရှူကြသည်။
%
%
%
- သခင်လေး စုံစမ်းခိုင်းထားတာ ရပါပြီ။

ရောင်စဥ် - ထားခဲ့လိုက်။ ဒါနဲ့ ဒီနေ့ Marnn Gp ကို သွားရမှာမလား။

- ဟုတ်ပါတယ် သခင်လေး။ ကျွန်တော်တို့ China က ရုံးခွဲကို ရောက်လာတဲ့ ပစ္စည်းက မှာထားတဲ့ ပစ္စည်း မဟုတ်ပဲ ဘူးခွံတွေချည်းဖြစ်နေတယ်။

ရောင်စဥ် -  စာချုပ်ချုပ်ထားတဲ့ File တွေ သေချာပြင်ဆင်ထား။ ၁၀နာရီကျရင် သွားတွေ့မယ်။

- ဟုတ်ကဲ့ပါ သခင်လေး။

လက်ထောက်ဖြစ်သူ ထွက်သွားသူတော့ ကွန်ပျူတာမှ အကြည့်လွှဲကာ အမည်မသိကောင်လေး ရဲ့ ဖိုင်ကို ယူကာ ဖတ်လိုက်သည်။

ရောင်စဥ် - အမည်လေးက ဆက်ပိုင်မိုးပြည့်တဲ့လား။ အမည်လည်း လှသလို လူကလည်း လှတယ် ကလေးရယ်။

ကိုယ်ရေး အချက်အလက်တွေ ဖတ်ပြီးနောက် မှိုင်းရောင်စဥ် သဘောကျစွာ ပြုံးလိုက်မိသည်။

ရောင်စဥ် - မြန်မာပြည် ပြန်ရောက်တာနဲ့ A.T.H အထည်ချုပ်စက်ရုံ နဲ့ ပူးပေါင်းရမယ်။

မှိုင်းရောင်စဥ် ထိုကောင်လေးကို တကယ်ချစ်မိသွားပြီ။ ထိုကောင်လေး ကို အပိုင်လိုချင်တယ်။ ထိုကောင်လေးက သူ့အတွက်ပဲ ဖြစ်ရမည်။

အခုလက်ရှိ ထိုကောင်လေး က Thai မှာ ကျောင်းတတ်နေသည်။ ရင်းနှီးအောင် ဘယ်လို လုပ်ရမလဲ။

စဥ်းစားနေတုန်း ဖုန်းထဲ ၀င်လာသော မက်ဆေ့လ်လေး တစ်စောင်နဲ့ VD လေး တစ်ခု။ ဖွင့်ကြည့်လိုက်တော့

ကျွန်တော် ချစ်ရသူလေးရဲ့ သရုပ်ဆောင်ထားသော Short  movie လေး။ Live လွှင့်ထားတာကို Screen Recording ရိုက်ကာ ပို့ပေးလာသော သူငယ်ချင်း ဖြစ်သူကို ကျေးဇူးတင်မိသည်။

ထိုကျေးဇူးလေးက သူပို့လာသော စာလေးကို မြင်လိုက်ရတဲ့ အချိန် ထိုသူကို နုတ်နုတ်စင်းပစ်ချင်လိုက်တာ

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now