🏳️‍🌈20🏳️‍🌈 { Unicode }

1.5K 74 0
                                    

- ဧမာန်မင်းခန့် မင်းထစမ်း!!

လက်မောင်းကို လှုပ်နှိုးလာတဲ အထိအတွေ့ကြောင့် မာန် အိပ်နေရာမှာ နိုးလာခဲ့သည်။

မာန် - အင်း ဖေဖေ

- ဒါက ဘယ်လိုဖြစ်နေတာလဲ။ ရှင်းစမ်း

အခုထိ အမူးမပြေတဲ့ ခေါင်းကို ခါထုတ်ပြီး ဖေဖေ ပြောတဲ့ အကြောင်းကို မနည်းစဥ်းစားနေရသည်။

မာန် - ဖေဖေ ဘာတွေ ပြောနေတာလဲ။

- ငါ ဘာပြောလဲ ဆိုတာ မင်းကိုယ်မင်း ပြန်ကြည့်လေ

အဲ့တော့မှ ဘေးပတ်ပတ်လည်ကို မျက်လုံးကစားမိသည်။ ပြီးတော့ ဘေးနားက ပခုံးသားဖြူဖြူလေးကြောင့် စောင်ကို အသာလှပ်ကြည့်လိုက်တော့

မာန် - ဟင် ဆက်ပိုင်!! ဆက်ပိုင်! ဆက်ပိုင် ထစမ်း

ဆက်ပိုင် - အွန်း အင်း! အ့!

ဆက်ပိုင်လည်း အပျင်းကြောဆန့်ကာ လူးလွန့်ပြီး နိုးထလာခဲ့သည်။ ရုတ်တရက် ထလိုက်တာမို့ အောက်ပိုင်းတစ်နေရာက စူးခနဲနဲ့ အောင့်တတ်သွားသည်။

- တောက်စ်!! မင်းတို့ နှစ်ယောက်ကွာ

မာန် - မ...မဟုတ်ဘူး ဖေဖေ! ဆက်ပိုင် ၀င်ပြောအုံး

ဆက်ပိုင် - ဘာကိုပြောရမှာ ကိုကြီးမာန်ရာ ခါးကနာနေပါတယ်ဆို။ ဘာလို့ ခါးကနာနေပါလိမ့်။

အခုထိ မျက်လုံးမဖွင့်သေးပဲ ပြောချင်ရာပြောနေသူကြောင့် မာန် စိတ်မရှည်ချင်တော့ပေ။

ထိုအချိန် အခန်းထဲ ၀င်လာသော သတင်းထောက်များ။ ကင်မရာမီးရောင် တဖြက်ဖြက်ကြောင့် ဆက်ပိုင် လန့်သွားကာ အိပ်ချင်မပြေသေးသော မျက်လုံးတွေက ပြူးကျယ်လာရသည်။

- CEO မာန် က အခုထိ သူနဲ့ တွဲနေတုန်းလား။

- CEO တို့ အခြေအနေက ဘာလဲ။

ဆက်ပိုင် - ကို..ကိုကြီးမာန် ဘာတွေဖြစ်! ဟင်

ဆက်ပိုင် အခုမှ အပေါ်ပိုင်း ဗလာဖြစ်နေသော မာန့်ကို မြင်ပြီး ကိုယ့်ကို ပြန်ငုံ့ကြည့်မိသည်။

ဆက်ပိုင် - ကိုကြီးမာန် ဘာတွေ ဖြစ်ကုန်တာလဲ။

မာန် - ဘာမှ မသိတော့ဘူး။

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now