🏳️‍🌈16🏳️‍🌈 { Unicode }

1.2K 81 0
                                    

မာန် ! မနေ့ကတည်းက ဆက်ပိုင်ဆီ ဖုန်းခေါ်နေပေမယ့် တစ်ဖက်က စက်ပိတ်ထားတယ် ဆိုတာကြောင့် လုံး၀ခေါ်ဆိုလို့မရ။

နန်းမော၀် ဆီ ဖုန်းခေါ်ကာ ဆက်ပိုင် အကြောင်း စုံစမ်းခိုင်းပေမယ့် အခုထိ ဘာမှ အကြောင်းမပြန်သေး

မာန် - Honey က အဲ့လို လူမျိုး မဟုတ်ဘူး ဆိုတာ ကိုယ် ယုံကြည်ပါရစေ။

ထိုင်ရမလို ထရမလို ဖြစ်နေသော မာန် တစ်ခုခု ကို သတိရပြီး ဖုန်းကိုယူကာ လိုင်းဖွင့်လိုက်သည်။

အခုထိ Unfriend မလုပ်ရသေးသော ဆက်ပိုင် Acc လေးထဲ ၀င်ကြည့်လိုက်တော့

😍နောက်ဆုံးတော့ အမေ့ရင်ခွင် ကို ပြန်ရောက်လာပြီ😍

ဆိုတဲ့ Caption ကြောင့် အောက်ထိ ဆွဲကြည့်လိုက်တော့ ကျောင်းက ဆက်ပိုင် သူငယ်ချင်း တော်တော်များများ က ဆက်ပိုင် ကို နှုတ်ဆက်ထားကြသည်။

မာန် - သူ အပြီးပြန်လာပြီပေါ့။

သူကြည့်နေတုန်း ရှိသော ဆက်ပိုင် က Satus တစ်ခု တင်လာခဲ့သည်။

😭I miss my world😭 တဲ့။ ချက်ချင်း Cb ကို သွားလိုက်ပြီး ဆက်ပိုင် ဆီ ဖုန်းခေါ်လိုက်သည်။

မြန်မာနိုင်ငံ ပြန်ရောက်ပေမယ့် စိတ်က ထိုင်းမှာ ရှိနေသော ကိုကို့ ကို လွမ်းနေမိသည်။ အရမ်းလွမ်းလွန်းလို့ သေလောက်သည်။

Fb ဖွင့်ကာ Satus လေး တစ်ကြောင်း တင်ပြီး ဘယ်လောက်မှ မကြာ Cb ကနေ ဖုန်း၀င်လာလို့ ကြည့်လိုက်တော့ ကိုကို!

ကိုင်ရနိုး မကိုင်ရနိုး လုပ်နေတုန်း ဖုန်းက ကျသွားခဲ့သည်။

တောင်!

စာ၀င်လာတာမို့ ကြည့်လိုက်တော့

➡️ ဖုန်းခေါ်နေတာ ကိုင်ပါ

ဆိုတဲ့ စာလေး။ ပြီးတော့ ဖုန်းပြန်၀င်လာခဲ့သည်။ ဒီတစ်ခါတော့ ချက်ချင်းကိုင်လိုက်မိသည်။ ကိုကို့ အသံကို ကြားရရင် အလွမ်းပြေလောက်ပါတယ်။

📞Hello ကိုကြီးမာန်📞

📞အင်း ပြန်ရောက်နေတာလား။ 📞

📞ဟုတ်တယ်။ အပြီးပြန်လာတာ။ ကိုကြီးမာန် နေကောင်းလား။ 📞

📞အင်း! ဆက်ပိုင် ကိုယ်တို့ တွေ့ရအောင်။ကိုယ်အခု မြန်မာကို ပြန်ရောက်နေတယ်။📞

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now