🏳️‍🌈11🏳️‍🌈 { Unicode }

1.1K 67 0
                                    

ရောင်စဥ် - ပါးပါး သားပြန်ရောက်ပါပြီ။

ခွပ်!!

အိမ်ပြန်ရောက်ရောက်ခြင်း ပါးပါး ရဲ့ လက်သီးစာ ကို ခံလိုက်ရတာမို့ မှိုင်း ကြောင်အသွားကာ သူ့ပါးပါး ကို မယုံကြည်နိုင်သလို ကြည့်နေမိသည်။

- ခွန်ဆိုင်! အခုမှ ပြန်ရောက်တဲ့ သားကို ဘာလို့ ထိုးရတာလဲ။

အအေးဗန်းလေးကိုင်ကာ ဧည့်ခန်းထဲ ၀င်လာသော မယ့်(အမေ) က ပါးပါး ကို လေသံချိုချိုလေးဖြင့် ပြောလိုက်သည်။

- ဘာဖြစ်ရမှာလဲ။ နုမ်(န်) သားက ကောင်လေး တစ်ယောက်နဲ့ တွဲနေတယ်တဲ့။

- အိုး! ဟုတ်လား သား။

ရောင်စဥ် - ပါးပါး ဘာတွေပြောနေလဲ ကျွန်တော် မသိပေမယ့် ကျွန်တော် ကောင်လေးတစ်ယောက်ကိုတော့ သဘောကျတယ်။ ချစ်တယ်။  သူ့ကို ပိုင်ဆိုင်ချင်တယ်။

- ဘာ!!

- ခွန်! { အစ်ကို } စိတ်လျော့ပါ။ 

- မင်း မင်း!! မဖြစ်တော့ဘူး။ မင်းကို သမီးလေးဆောင်းနဲ့ အမြန်ဆုံး လက်ထပ်ပေးရမယ်။

ရောင်စဥ် - ပါးပါး! ကျွန်တော်သဘောမတူဘူးနော်။

- သဘောမတူလဲ မတတ်နိုင်ဘူး။ ငါက မဖြစ်ဖြစ်အောင် စီစဥ်မှာ။ မင်း ရှေ့တစ်လှမ်းတိုးတာနဲ့ အဲ့ကောင်လေး မိဘတွေကိုပါ ငါပြောရလိမ့်မယ်။

ရောင်စဥ် - မလုပ်နဲ့ ပါးပါး။ ကျွန်တော်တောင်းပန်ပါတယ်။ သူ့ မိဘတွေဆီတော့ မပြောပါနဲ့။

ကလေးငယ်က သူ့မိဘတွေရဲ့ ဂုဏ်သိက္ခာကို လုံး၀အထိမခံနိုင်ဘူးဆိုတဲ့ အကြောင်း တဖွဖွ ပြောဖူးသည်။ ကိုယ့်ဘက်က တစ်ဖက်သတ် အချစ်ကြောင့်နဲ့တော့ ကလေးငယ် ရဲ့ လွတ်လပ်မှု၊ ပျော်ရွှင်မှုတွေကို မဖျက်ဆီးနိုင်။

ရောင်စဥ် - ပါးပါး နဲ့ ဆန္ဒကို လိုက်လျောပေးမှာမို့ ကလေးငယ် မိဘတွေဆီတော့ အကြောင်းမကြားပါနဲ့။ တောင်းဆိုပါတယ်။

- ပါးပါး က ကတိတည်ပါတယ်။ သား ကသာ ကတိတည်နိုင်ဖို့ ကြိုးစား။

ရောင်စဥ် - ဟုတ်ကဲ့ ပါးပါး။

- ကဲ သားဖတွေ ပြေလည်ပြီဆိုတော့ သားလည်း ခရီးပင်ပန်းလာတယ်မလား။ ခနသွားနားချည် သွား။

Unconditional Love { Uni & Zaw } [ COMPLETED]Where stories live. Discover now