ဆက်ပိုင် - အ့! ကျွတ်စ်!
သု၀ဏ် - ပြည့်ပြည့်လေး ဘာဖြစ်တာလဲ။
ဆက်ပိုင် - အင်း..ကိုကြီးသု၀ဏ် ဗိုက်နာတယ်။ အ့!
ဗိုက်လေးကို ကိုင်ကာ ညီးညူးနေသော ပြည့်ပြည့်လေးကို ကြည့်ပြီး မျက်ရည်ကျမိသည်။
ဆက်ပိုင် - ကို...ကိုကြီးသု၀ဏ် နာ...နာတယ် အင့်!!
သု၀ဏ် အရေးပေါ်ကား လှမ်းခေါ်ပြီး ဆက်ပိုင်လက်ကိုလည်း တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ လက်တစ်ဖက်ကလည်း သီဟဆီကို ဆက်တိုက် ဖုန်းခေါ်နေမိသည်။
ဆေးရုံကား ရောက်လာတော့ ဆက်ပိုင်ကို ကားထဲ ထည့်ကာ သု၀ဏ်လုပ်နေသော ဆေးရုံဆီသို့ ခေါ်ဆောင်လာခဲ့သည်။
ဆက်ပိုင် - မေမေ့! အား! နာတယ်..
သု၀ဏ် - အားတင်းထားနော် ကလေး။ မကြာခင် ရောက်တော့မှာ
- လူနာက သွေးတွေ ဆင်းနေပြီ!
ဆေးအကူကောင်လေးရဲ့ စကားကြားတော့မှ သု၀ဏ် အောက်ပိုင်းနေရာကို ကြည့်မိသည်။ ရေမွှာရည်တွေနဲ့ အတူ သွေးတွေပါ ဆင်းနေလေသည်။
ဘယ်လိုဖြစ်တာလဲ!မွေးဖို့ ၂ပတ်တောင် လိုသေးတာကို!
ဆေးရုံရောက်တော့ ဆက်ပိုင် ကို ခွဲခန်းထဲ တန်းခေါ်သွားသည်။ ထိုအခန်းထဲ သု၀ဏ်တော့ လိုက်မ၀င်ဖြစ်။ သူ စိတ်လှုပ်ရှားတာနဲ့တင် ဆက်ပိုင် ကို မကုသနိုင်ပဲ နေလိမ့်မည်။
* ကိုကို! ကိုကို *
* Honey! Honey ဘယ်မှာလဲ*
* လိုက်ရှာချည်း ခစ်ခစ်!!*
* Honey! Honey! *
* အူ၀ဲ! အူ၀ဲ *
*ဘယ်က ကလေးငိုနေတာလဲ။ တိတ်စမ်း! Honey အသံကို မကြားရတော့ဘူး။ Honey ဘယ်မှာလဲ။ *
* ကိုကို *
* Honey *
* ကိုကို! Honey လာနှုတ်ဆက်တာ။ Honey သွားတော့မယ် *
* Honey! Honey က ဘယ်သွားမှာလဲ ဟင်! ကိုကို တောင်းပန်ပါတယ် ကိုကို့ ဆီ ပြန်လာခဲ့နော်*
* Honey ပြန်မလာချင်ဘူး ကိိုကို။ Honey အရမ်းပင်ပန်းနေပြီ။ Honey သွားပြီနော်!*
YOU ARE READING
Unconditional Love { Uni & Zaw } [ COMPLETED]
RomanceUni - သမီး မိန်းကလေးတွေကို ကျတော့ အဖိုးတန်တဲ့ ပန်း နဲ့ ခိုင်းနှိုင်းကြတယ်။ ဒါဆို ကျွန်တော်တို့ ယောကျာ်းလေးတွေ အတွက်ကျတော့ရော! ကျွန်တော် ဘက်ကို တစ်ချက်လောက်ငှဲ့ကြည့်ပေးပါ။ ဆက်ပိုင်မိုးပြည့်! - ငါGay တွေကို အရမ်းမုန်းတယ်၊ ရွံ့လည်းရွံ့တယ်။ ဘာလို့ ငါအရ...